DVB Logo
Home
မြန်မာသတင်း
ကရင်နီရိုးရာ ဒီးကူပွဲတော် ချင်းမိုင်တွင်ကျင်းပ 
DVB
·
September 30, 2025
ကရင်နီရိုးရာ ဒီးကူပွဲတော် ချင်းမိုင်တွင်ကျင်းပ 
1 / 18
Donate to DVB

ကရင်နီတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ပွဲတော်တခုဖြစ်တဲ့ အဲဒိုပေါ်မီ (ခေါ်) ဒီးကူပွဲတော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ စက်တင်ဘာ ၂၈ ရက်က ကျင်းပပါတယ်။

ဒီပွဲတော်ကိုတော့ ရိုးရာဓလေ့ပွဲတော်တခုအဖြစ်အပြင် ရန်ပုံငွေရှာဖွေဖို့အတွက်ပါ ရည်ရွယ် ကျင်းပခဲ့ကြတာပါ။ ရရှိလာတဲ့ ရန်ပုံငွေတွေကိုတော့ ကရင်နီစစ်ဘေးရှောင်တွေဆီကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီပွဲတော်မှာ အစားအစာတွေကို ရောင်းချခဲ့ကြသလို ရိုးရာအက ဖျော်ဖြေတင်ဆက်မှုတွေနဲ့ Miss Karenni 2025 and Queen of Dee Khu အလှမယ်ပြိုင်ပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲတော်ကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ရဲ့ ဒုတိယစစ်ဦးစီးချုပ် မာဝီလည်း တက်ရောက်ခဲ့ပါတယ်။

KNDF ဒုစစ်ဦးစီးချုပ် မာဝီက “စစ်အာဏာရှင်တွေက ဒီလိုမျိုးပွဲတော်၊ ဒီလိုမျိုး အခမ်းအနားတွေကို လုပ်တာကို မလိုချင်ကြဘူး။ ဒါ့ကြောင့် သူတို့ မလိုလားတဲ့အတွက် ကျနော်တို့ ပြုလုပ်တာပါ။ ဒီပွဲကို စီစဉ်ကျင်းပတဲ့ ကျနော်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ စည်းလုံးညီညွတ်ကြောင်း ပြသဖို့ ကျနော် ဒီကိုရောက်လာတာပါ။ ဒါကြောင့် သူတို့ကို ကျနော် တကယ်ကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကျနော်တို့နိုင်ငံမဟုတ်ဘူး။ ကျနော်တို့ရဲ့ ဇာတိမြေ မဟုတ်ပါဘူး။ ဒီလိုမျိုး ပွဲမျိုးကို ဒီမှာ စီစဉ်ဖို့ဆိုတာ အခက်အခဲတွေ အများကြီး ရှိပါတယ်။ သူတို့ကို ကျနော် တကယ်ပဲ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။

ဒီပွဲတော်မှာ ကနဦးရန်ပုံငွေအဖြစ် ထိုင်ဘတ်ငွေ ၂၂,၅၃၂ ရရှိခဲ့တယ်လို့ ကြေညာခဲ့ပြီး ဈေးရောင်းပွဲတော်က ရရှိလာတဲ့ ရန်ပုံငွေတွေကို ထပ်ပေါင်းပြီး Karenni Community Chiangmai Thailand ရဲ့ အင်တာနက် လူမှုကွန်ရက်ကနေ ထပ်မံကြေညာသွားမယ်လို့လည်း ပွဲစီစဉ်သူတွေက ဆိုပါတယ်။

ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို ကရင်နီ စစ်ဘေးရှောင်တွေအတွက် မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ၁၀၀ ရာခိုင်နှုန်း ပေးလှူသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo: စောမင်းသိန်း/ DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013