DVB Logo
Home
နိုင်ငံတကာ
တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဗီယက်နမ်ကုန်းတွင်းပိုင်းကို ဝင်ရောက်
DVB
·
September 29, 2025
တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင် ဗီယက်နမ်ကုန်းတွင်းပိုင်းကို ဝင်ရောက်
Donate to DVB

တိုင်ဖွန်းမုန်တိုင်း ဘူအာလွိုင်ဟာ စက်တင်ဘာ ၂၉ ရက် အစောပိုင်းမှာ ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပြီး ဓာတ်အားလိုင်းလည်း ပြိုလဲပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

အနည်းဆုံး တယောက်သေဆုံးပြီး ငါးဖမ်းသမား ၁၂ ‌ယောက် ပျောက်ဆုံးနေတယ်လို့ ကနဦးသတင်းတွေက ဖော်ပြပါတယ်။

ဘူအာလွိုင် ဆိုတဲ့ နာမည်ဟာ ထိုင်းစကားအရ “မုန့်ကြာစေ့သာကူ” ကို ရည်ညွှန်းတာဖြစ်ပါတယ်။

မုန်တိုင်းဟာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၁၁၇ ကီလိုမီတာနဲ့ ဝင်ရောက်လာခဲ့ပေမဲ့ ကုန်းတွင်းပိုင်း အရောက်မှာတော့ တနာရီ ၈၈ ကီလိုမီတာအထိ အားပျော့သွားခဲ့ပြီး ဒေသစံတော်ချိန် မနက် ၈ နာရီဝန်းကျင်မှာ ဂီအန်းပြည်နယ်ပေါ် ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။

ဘူအာလွိုင်မုန်တိုင်းဟာ ကုန်းတွင်းပိုင်းမဝင်ခင်မှာ ကမ်းရိုးတန်းတလျှောက် နာရီအတန်ကြာ ရွေ့လျားနေခဲ့ပြီး ၈ မီတာလောက်မြင့်တဲ့ လှိုင်းလုံးကြီးတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ နိုင်ငံပိုင် မိုးလေဝသအေဂျင်စီက ပြောပါတယ်။

ဟူမြို့မှာ ရေကြီးပြီး ပိတ်မိသွားတဲ့ လူတယောက် သေဆုံးပြီး ကွမ်ထရီပြည်နယ်မှာ လှိုင်းကြောင့် ငါးဖမ်းလေ ၄ စီး မြုပ်သွားခဲ့ရာမှာ ငါးဖမ်းသမား ၁၂ ယောက် ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။

တိုင်ဖွန်းမဝင်ခင်မှာ အစိုးရဟာ လူ ၂၈,၅၀၀ လောက် နေရာရွှေ့ပြောင်းပေးခဲ့ပြီး လေယာဉ်ခရီးစဉ် ရာနဲ့ချီ ဖျက်သိမ်း၊ ရွှေ့ဆိုင်းခဲ့ပါတယ်။ အလယ်ပိုင်းပြည်နယ်တွေက လေဆိပ် ၄ ခုကိုလည်း ပိတ်ထားခဲ့ပါတယ်။

မုန်တိုင်းကြောင့် စက်တင်ဘာ ၂၇ ရက်ကတည်းက ဗီယက်နမ်တလွှားမှာ မိုးသည်းနေခဲ့ပြီး ရေကြီး၊ မြေပြိုမှု အန္တရာယ် သတိပြုဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်ကို မျက်နှာမူထားတဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းရှိတဲ့ ဗီယက်နမ်ဟာ  ဖိလစ်ပိုင်အရှေ့ပိုင်းမှာ စတင်ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေဒဏ် ခံရလေ့ရှိပါတယ်။

ဖိလစ်ပိုင်မှာ အိုပွန်မုန်တိုင်းလို့ သိကြတဲ့ ဘူအာလွိုင်မုန်တိုင်းကြောင့် လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013