DVB Logo
Home
အားကစား
မက်ဒရစ်ဒါဘီတွင် ဂိုးပြတ်ရှုံးနိမ့်မှု ထိုက်တန်ကြောင်း ရီးရဲလ်နည်းပြအလွန်ဆို ဝန်ခံ
DVB
·
September 28, 2025
မက်ဒရစ်ဒါဘီတွင် ဂိုးပြတ်ရှုံးနိမ့်မှု ထိုက်တန်ကြောင်း ရီးရဲလ်နည်းပြအလွန်ဆို ဝန်ခံ
Donate to DVB

မက်ဒရစ်ဒါဘီမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုက အသင်းနှင့်ထိုက်တန်ကြောင်း ရီးရဲလ်မက်ဒရစ်နည်းပြဇာဗီ အလွန်ဆိုက ပြောသွားပါတယ်။ 

ရီးရဲလ်အသင်းဟာ အက်သလက်တီကိုနဲ့ မက်ဒရစ်ဒါဘီပွဲစဉ်မှာ  ၅ ဂိုး ၂ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ရလဒ်က အသင်းနဲ့ထိုက်တန်ကြောင်း အလွန်ဆိုက ဝန်ခံစကားဆိုခဲ့တာပါ။

အသင်းရဲ့ အဆင့်အတန်းမှာမရှိခဲ့လို အရှုံးရလဒ်နဲ့ထိုက်တန်ကြောင်း၊ အသင်းကတည်ဆောက်နေဆဲ ကာလဖြစ်လို့ ဒီလိုအချိန်မှာ ရလဒ်မကောင်းမှုတွေက ကြုံတွေ့လာရမှာဖြစ်ကြောင်း နည်းပြအလွန်ဆိုက ပြောပါတယ်။

ရှုံးပွဲကနေ သင်ခန်းစာယူသွားရမှာဖြစ်ပြီး မိမိတို့ရဲ့ ခြေစွမ်းအဆင့်အတန်းကို မြှင့်တင် သွားဖို့ လိုအပ်ကြောင်းလည်း နည်းပြအလွန်ဆိုက ပွဲအပြီးမှာ ပြောပါတယ်။ 

မက်ဒရစ်ဒါဘီရှုံးပွဲဟာ ရီးရဲလ်အသင်းအတွက် အခုနှစ်ရာသီ ပထမဆုံးရှုံးပွဲဖြစ်ပြီး ဘာစီလိုနာက လက်ကျန်ပွဲမှာ အနိုင်ရမယ်ဆိုရင်  ၁ မှတ် အကွာနဲ့ ဒုတိယနေရာဆင်းပေးရမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013