DVB Logo
Home
မြန်မာသတင်း
စစ်မှုထမ်းအရောင်းအဝယ်လုပ်သည့် ပုသိမ်က အုပ်ချုပ်ရေးမှူး ၂ ဦးကို စစ်တပ်ဖမ်းဆီး
DVB
·
September 27, 2025
စစ်မှုထမ်းအရောင်းအဝယ်လုပ်သည့် ပုသိမ်က အုပ်ချုပ်ရေးမှူး ၂ ဦးကို စစ်တပ်ဖမ်းဆီး
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ယောက်ကို စစ်မှုထမ်း အရောင်းအဝယ်လုပ်တာနဲ့ လိုင်စင်မဲ့ကားစီးတာကြောင့် စစ်တပ်က စက်တင်ဘာ ၂၅ ရက်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်မြို့၊ အမှတ် ၁၀ ရပ်ကွက် အုပ်ချုပ်ရေးမှူး အေးကို ကို မနေ့ စက်တင်ဘာ ၂၅ ရက် ညက စစ်မှုထမ်းအရောင်းအဝယ်လုပ်တာတွေ၊ ငွေအလွဲသုံးစားလုပ်တာတွေနဲ့ လိုင်စင်မဲ့ကား စီးတာတို့ကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့ပေမဲ့ အေးကို ထွက်ပြေးလွတ်မြောက်သွားပြီး ကားကို သိမ်းဆည်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်နဲ့ ရပ်ကျေးစာရေး တယောက်ကိုလည်း စစ်မှုထမ်း လူအရောင်းအဝယ်လုပ်တာ၊ ငွေအလွဲသုံးစားလုပ်တာတို့ကြောင့် စစ်တပ်က ဝင်ဖမ်းသွားတယ်လို့ သိရပါတယ်။

ပုသိမ်ဒေသခံတယောက်က ‘အုပ်မှူး အေးကို၊ အုပ်မှူး ဟန်ဝင်းအောင်နဲ့ မြို့နယ်စီမံ အောင်ကျော်ဦးတို့ ပေါင်းပြီး တရားမဝင် စစ်မှုထမ်း လူအရောင်းအဝယ်တွေ ပြုလုပ်ကာ ပြည်သူကို မထေမဲ့မြင်ပြုကာ စိန်ခေါ်ရမ်းကားနေသူများဖြစ်ပြီး၊ ယခုလိုထိန်းသိမ်းခံရသဖြင့် ပြည်သူများ ဝမ်းသာနေတယ်’ လို့ ဆိုပါတယ်။

ဖမ်းဖို့ကျန်တဲ့သူတွေကို စက်တင်ဘာ ၂၆ ရက် နေ့လယ်ပိုင်းမှာ ရဲတွေက ၆ ရပ်ကွက်ထဲမှာ ရှာဖွေခဲ့တယ်လို့ သိရပါတယ်။

ပုသိမ်မြို့နယ်ထဲမှာ စစ်မှုထမ်းအတွက် ပြည်သူတွေဆီကနေ လတိုင်း ငွေကြေးကောက်ခံနေသလို လူငယ်တွေကို ဖမ်းဆီးပြီး မြို့နယ်ကျော် ရောင်းစားတာလည်းရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ပုသိမ်မြို့၊ အမှတ် ၈ ရပ်ကွက်က ရာအိမ်မှူး မြင့်ကို ဟာ စစ်မှုထမ်းအပတ်စဉ် ၁၆ အတွက် ရပ်ကွက်ထဲက ကိုဇော်မင်းထွေး ကို ပေါ်တာဆွဲဖမ်းဆီးပြီး ကန်ကြီးထောင့်မြို့နယ်၊ သရက်ကွင်း ကျေးရွာအုပ်စုအတွက် စစ်မှုထမ်းလူစားထိုးအဖြစ် စစ်ကောင်စီတပ်ဆီ ကျပ်သိန်း ၁၁၀ နဲ့ ရောင်းစားခဲ့တယ်လို့ သိရပါတယ်။

ရပ်ကွက်ဒေသခံ တယောက်က “လူရောင်းရတဲ့ငွေတွေကို အုပ်ကြီးက တဝက်၊ ရာအိမ်မှူးက တဝက်ခွဲသုံးတာလို့ သိရတယ်။ ရာအိမ်မှူး မြင့်ကို ဘာလုပ်လုပ် သူ ရသင့်သလောက် ရနေတော့ အုပ်ကြီးက ခွင့်ပြုပေးထားတာ။ အထက်အဆင့်ဆင့်ကလည်း ဘာမှမထူးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဟန်ဝင်းအောင်နဲ့ ရာအိမ်မှူး မြင့်ကို တို့ကို စစ်မှုထမ်း ထောက်ပံ့ကြေးငွေတွေ လာဘ်စားမှုနဲ့ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မြို့နယ်အုပ်ချုပ်ရေးမှူး အောင်ကျော်ဦးနဲ့ ဗိုလ်မှူး‌ဇော်ထက်အောင် တို့ကို အရပ်သားတွေစုပေါင်းပြီး တိုင်ကြားခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013