DVB Logo
Home
မြန်မာသတင်း
ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေသဖြင့် ပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးကြရ
DVB
·
September 27, 2025
ဘုတလင်မြို့နယ်ထဲကို စစ်ကြောင်းထိုးနေသဖြင့် ပြည်သူ ၁၅၀၀ ကျော် ထွက်ပြေးကြရ
1 / 8
Donate to DVB

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲကို စက်တင်ဘာ ၂၅ ရက်နေ့မှာ စစ်တပ်က စစ်ကြောင်းထိုး ထပ်ဝင်လာတာကြောင့် ဒေသခံပြည်သူ ၁,၅၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။

ဘုတလင်မြို့နယ် လူသားစာနာတာဝန်ခံက “၂၅ ရက်နေ့ မနက်ပိုင်းမှာ ဘုတလင်မြို့နယ်ရဲ့တောင်ခြမ်း မုံရွာနယ်နဲ့ထိစပ်နေတဲ့ ဇီးတော (အနောက်) ရွာကို မုံရွာ နမခ က စစ်ကြောင်းထိုးပြီး ဝင်ရောက်တပ်စွဲနေလို့ ရွာခံတွေနဲ့ အဲဒီနားရွာတွေက ပြည်သူ ၁,၅၀၀ လောက် ထွက်ပြေးလာကြတာဖြစ်ပါတယ်” လို့ DVB ကိုပြောပါတယ်။

နေရပ်စွန့်ခွာထွက်ပြေးလာကြတဲ့ ဒေသခံပြည်သူတွေကို ဘုတလင်မြို့နယ် လူသားစာနာအဖွဲ့က စားနပ်ရိက္ခာတွေစီစဉ် ထောက်ပံ့ကူညီပေးနေရတယ်လို့လည်း ဆိုပါတယ်။

ဘုတလင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ပြည်သူပိုင်အိမ်တွေကိုတော့ မီးရှို့တာမရှိသေးဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိသေးပါဘူး။ စစ်ရေးအခြေအနေကတော့ တင်းမာနေတယ် ပြောလို့ရတယ်ဗျ” လို့ ​ပြောပါတယ်။

စစ်ကြောင်းထိုးလာတာဟာ အင်အား ၁၂၀ ဝန်းကျင်ရှိပြီး လူနေအိမ်တွေအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူနေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဘုတလင်မြို့နယ်ကို ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းကတည်းက စစ်ကြောင်းတွေ မကြာခဏ ဝင်ရောက်ခဲ့လို့ သောင်းချီတဲ့ပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရပြီး ပြည်သူပိုင်နေအိမ်တွေကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြတာကြောင့် မီးဘေးသင့်ပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ နေထိုင်စရာ အဆောက်အအုံတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013