DVB Logo
Home
မြန်မာသတင်း
လှည်းကူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်း ထိခိုက်
DVB
·
September 27, 2025
လှည်းကူးက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄ ဦးထက်မနည်း ထိခိုက်
Donate to DVB

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး စက်တင်ဘာ ၂၅ ရက် ည ၇ နာရီမှာ မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ၄ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရတယ်လို့  ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

စစ်ကောင်စီကလုပ်မယ့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကိစ္စတွေလုပ်နေတာ၊ လူငယ်တွေကို မတရားဖမ်းဆီး ပေါ်တာဆွဲပြီး စစ်မှုထမ်းတပ်သားသစ် လိုအပ်နေတဲ့နေရာတွေကို ရောင်းစားနေတာကြောင့် မိုင်းခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Yangon Army မြို့ပြပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ထိခိုက်မှု ၄ ဦးထက်မနည်းရှိတယ်။ မြေပြင်သတင်းပေးပို့တဲ့ဆီက သတင်းရတယ်။ အုပ်ကြီးနောက်လိုက် ပျူစောထီးတွေ ထိတာ” လို့ ပြောပါတယ်။

မိုင်း ၂ လုံးနဲ့ အောင်အောင်မြင်မြင်ဖောက်ခွဲတိုက်ခိုက်ခဲ့တာမှာ ပစ်မှတ်ကိုထိပြီး ဒဏ်ရာရသူတွေကို လူနာတင်ကားတွေနဲ့ လာရောက်သယ်ယူသွားတယ်လို့ ဆိုပါတယ်။

သြဂုတ် ၃၀ ရက်ကလည်း လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်ရုံးကို Yangon Army က လက်ပစ်ဗုံးတွေနဲ့ သွာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့အနေနဲ့ စစ်ကောင်စီကလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲမှာမပါဝင်ကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ၊ သူတို့လက်အောက်ခံ အဖွဲ့တွေနဲ့ ကင်းကင်းရှင်းရှင်းနေကြဖို့ သတိပေးထားပြီး ပါဝင်ပတ်သက်သူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013