DVB Logo
Home
မြန်မာသတင်း
ဒေါ်စန္ဒာမင်း တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်
DVB
·
September 26, 2025
ဒေါ်စန္ဒာမင်း တသီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်မည်
Donate to DVB

ဖျက်သိမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ဒုဥက္ကဋ္ဌဟောင်း ဒေါ်စန္ဒာမင်းဟာ ရန်ကုန်တိုင်း၊ လသာမြို့နယ်ကနေ ပြည်သူ့လွှတ်တော်အတွက် ရွေးကောက်ပွဲဝင်ပြိုင်ဖို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အနေနဲ့ အမည်စာရင်းတင်သွင်းခဲ့တယ်လို့ DVB ကိုပြောပါတယ်။

ဒေါ်စန္ဒာမင်းဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ  နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် မဲဆန္ဒနယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကိုယ်စားပြုဝင်ပြိုင် အနိုင်ရပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သလို ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ရန်ကုန်တိုင်း ဆိပ်ကြီးခနောင်တိုမြို့နယ်ကနေ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသူဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်လောင်းအဖြစ် အရွေးမခံရပေမယ့် နေပြည်တော်ခရိုင် ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင်အနေနဲ့ ဆောင်ရွက်ခဲ့ပါတယ်။

အာဏာသိမ်း စစ်တပ်က လုပ်မယ့်ရွေးကောက်ပွဲမှာတော့ ဒေါ်စန္ဒာမင်းက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကနေ ဝင်ပြိုင်ဖို့ စီစဉ်ခဲ့ပေမဲ့    သတ်မှတ်ထားတဲ့ ပါတီရုံးခန်းအရေအတွက်နဲ့ ပါတီဝင်ဦးရေ မပြည့်မီဘူးဆိုပြီး   NDF ပါတီကို စစ်ကောင်စီက ဖျက်သိမ်းပစ်ခဲ့ပါတယ်။

လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းတာကို စက်တင်ဘာ ၈ ရက်မှ ၂၂ ရက်အထိ သတ်မှတ်ခဲ့ပြီး နိုင်ငံရေးပါတီ ၅၇ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း အပါအဝင် ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၄,၉၆၃ ယောက် အမည်စာရင်း တင်သွင်းခဲ့တယ်လို့ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၂၃ ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။

တသီးပုဂ္ဂလအနေနဲ့ ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း အရေအတွက် ၉၅ ယောက် ရှိနေပြီး တင်သွင်းထားတဲ့ ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေကို စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ စိစစ်တဲ့ လုပ်ငန်းတွေကို ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်က လုပ်မယ့် ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေး အင်အားစုတွေက ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013