DVB Logo
Home
နိုင်ငံတကာ
ပီရူးတွင် ဘိုလီးဗီးယား ဂီတအဖွဲ့ ယာဉ်တိုက်မှုဖြစ်ပြီး ၁၄ ဦး သေဆုံး
DVB
·
September 26, 2025
ပီရူးတွင် ဘိုလီးဗီးယား ဂီတအဖွဲ့ ယာဉ်တိုက်မှုဖြစ်ပြီး ၁၄ ဦး သေဆုံး
Donate to DVB

ပီရူးနိုင်ငံတောင်ပိုင်းမှာ စက်တင်ဘာ ၂၄ ရက်က ဘိုလီးဗီးယား ဂီတအဖွဲ့ရဲ့ မီနီဗန်ကားနဲ့ အဝေးပြေး ကုန်တင်ထရပ်ကား ၂ စီးတို့ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာတွေနဲ့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ယာဉ်အသွားအလာများပြီး မြင်နိုင်စွမ်းနည်းပါးတဲ့ နေရာအနီးမှာ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တာပါ။

ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ မီနီဗန်ကားဟာ နောက်တွဲပါတဲ့ ထရေလာကားနဲ့ ဝင်တိုက်မိချိန်မှာ စက်ယန္တရားကြီးတွေကို တင်ထားပြီး ရပ်ထားတဲ့ တတိယမြောက် ထရပ်ကားကလည်း လမ်းကို ပိတ်ဆို့နေတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ အလောင်းတွေကို ပြန်လည်ဆယ်ယူခဲ့ပြီး ဒဏ်ရာရသူတွေကို နီးစပ်ရာ ကျန်းမာရေးဌာနတွေဆီ ပို့ဆောင်ပေးခဲ့ပါတယ်။

အဲဒီမတော်တဆမှုကို စုံစမ်းနေဆဲဖြစ်ပြီး ရဲတပ်ဖွဲ့က နောက်တွဲယာဉ်မောင်းကို ဖမ်းဆီးထားကာ ယာဉ်တိုက်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တိတိကျကျ သိရှိနိုင်ဖို့ ဖော်ထုတ် စစ်ဆေးနေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013