DVB Logo
Home
နိုင်ငံတကာ
မော်စကိုကလွဲပြီး အခြားနေရာ၌ ပူတင်နှင့် တွေ့ဆုံရန် အသင့်ရှိဟု ဇလန်းစကီး ပြော 
DVB
·
September 25, 2025
မော်စကိုကလွဲပြီး အခြားနေရာ၌ ပူတင်နှင့် တွေ့ဆုံရန် အသင့်ရှိဟု ဇလန်းစကီး ပြော 
Donate to DVB

ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှားသမ္မတပူတင်နဲ့ မော်စကိုမြို့ကလွဲပြီး တခြားနေရာတွေမှာ တွေ့ဖို့ အသင့်ပဲလို့ အမေရိကန်ကို အလည်အပတ်ရောက်ချိန်အတွင်း ပြောကြားလိုက်ပါတယ်။

ရုရှားကတော့ ဒီတွေ့ဆုံပွဲဟာ အစ္စတန်ဘူလ်မြို့မှာ တွေ့ဆုံဖို့ အကြံပြုထားတယ်လို့ ယူကရိန်းနဲ့ ရုရှားမီဒီယာတွေက စက်တင်ဘာ ၂၄ ရက်မှာ ဖော်ပြပါတယ်။

ရုရှားပြောရေးဆိုခွင့်ရ ဒီမစ်ထရီ ပက်စ်ကို့ဗ်က ပူတင်ဟာ ဇလန်းစကီးနဲ့ ဆွေးနွေးဖို့ ရှိပေမဲ့ မီဒီယာတွေ့ဆုံမှုမပါဘဲ တွေ့မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပက်စ်ကို့ဗ်က ယူကရိန်းဟာ ဆွေးနွေးမှုတွေ အဆင်ပြေအောင် ရုရှားရဲ့ အဆိုပြုချက်ကို စိတ်မဝင်စားဘူးလို့လည်း ပြောပါတယ်။

ကာဇက်စတန်သမ္မတကလည်း သူ့နိုင်ငံဟာ ဒီဆွေးနွေးမှုအတွက် လက်ခံကျင်းပပေးဖို့ အသင့်ရှိတယ်လို့ မီဒီယာတွေ့ဆုံပွဲမှာ ပြောပါတယ်။

ကာဇက်စတန်နိုင်ငံဟာ ရုရှားနဲ့ ယူကရိန်းတို့ ဆွေးနွေးပွဲအတွက် လိုအပ်ပါက လက်ခံကျင်းပပေးမယ်လို့ ပြောဆိုခဲ့တာပါ။

ဇလန်းစကီးက ရုရှားကို မရပ်တန့်ဘူးဆိုရင် ရုရှားဟာ ဖျက်ဆီးမှုတွေ အများဆုံးလုပ်တဲ့ လက်နက်ကိုင်အဖွဲ့အဖြစ် ရင်ဆိုင်ရမှာဖြစ်ကြောင်း ကုလသမဂ္ဂညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် AI သုံး ဒရုန်းတွေကို အသုံးပြုတဲ့ကိစ္စကိုလည်း ကမ္ဘာက စည်းမျည်းတွေသတ်မှတ်ပြီး ထိန်းချုပ်ဖို့လိုတယ်လို့ ဇလန်းစကီးက ဆိုပါတယ်။

ပူတင်ဟာ ယူကရိန်းအပြင် တခြားနိုင်ငံတွေကိုလည်း စစ်ရေးချဲ့ထွင်ဖို့ ကြိုးစားနေတယ်လို့ ဇလန်းစကီးက စွပ်စွဲခဲ့ပါသေးတယ်။

“နျူကလီးယားဒုံးကျည်တပ် ထိပ်ဖူးတွေကို သယ်ဆောင်တဲ့ ဒရုန်းတွေကို ရုရှားက ပထမဆုံး ပြုလုပ်လာဖွယ်ရှိတာကြောင့် ရုရှားကို အခုအချိန် ရပ်တန့်တာက အကောင်းဆုံးပါ” လို့ ဇလန်းစကီးက အဖွဲ့ဝင် ၁၉၃ နိုင်ငံပါ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောဆိုခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013