DVB Logo
Home
နိုင်ငံတကာ
ဂါနာနိုင်ငံတွင် ရွှေတူးဖော်မှုများကြောင့်  ပြဒါးအဆိပ်သင့်မှု အန္တရာယ်ရှိနေ 
DVB
·
September 24, 2025
ဂါနာနိုင်ငံတွင် ရွှေတူးဖော်မှုများကြောင့်  ပြဒါးအဆိပ်သင့်မှု အန္တရာယ်ရှိနေ 
Donate to DVB

ဂါနာနိုင်ငံမှာ လက်ဖြစ် ရွှေတူးဖော်မှုကြောင့် အနားကဒေသခံအသိုက်အဝန်းတွေဟာ ပြဒါးအဆိပ် ညစ်ညမ်းမှု အဆိုးဆုံးအဆင့်ဖြစ်စေခဲ့ပြီး တချို့နေရာတွေမှာ မြေဆီလွှာဆန်းစစ်မှုအရ ဘေးကင်းတယ်လို့ ယူဆရတဲ့ ပမာဏထက် ၁၃၄ ဆ အထိ ရောက်ရှိခဲ့တယ်လို့ အစိုးရကျောထောက်နောက်ခံပြု လေ့လာမှု အသစ်က ဖော်ပြပါတယ်။

နယူးယောက်အခြေစိုက် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်း Pure Earth နဲ့ ဂါနာရဲ့ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အာဏာပိုင်တို့ရဲ့ အစီရင်ခံစာဟာ ဂါနာနိုင်ငံရဲ့ သတ္တုတွင်း ၁၃ ခုအနက် ၆ ခုက မြေ၊ ရေ၊ ကောက်ပဲသီးနှံတွေနဲ့ ငါးတွေက နမူနာတွေကို တနှစ်စာ အခြေခံထားပါတယ်။

ဂါနာနိုင်ငံရဲ့ ထိန်းကျောင်းမှုညံ့ဖျင်းတဲ့  ရွှေလုပ်ကဏ္ဍမှာ အရှိန်အဟုန်နဲ့ ကြီးထွား ဖြစ်ပေါ်လာနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

သုတေသီတွေက ဂါနာနိုင်ငံ အာရှန်တီဒေသ ကနွန်ဂို ဇွန်ဂို မြို့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ ဘေးကင်းရေး သတ်မှတ်ချက် ၁၀  ppm ထက် အဆပေါင်းများစွာ ပိုတဲ့ ပျမ်းမျှ ၅၆ ဒသမ ၄  ppm အထိ မြေဆီလွှာထဲမှာ ရှိနေတဲ့ ပြဒါးဓာတ်ကို မှတ်တမ်းတင်ခဲ့ပါတယ်။ 

ဒေသတွင်းက အမြင့်ဆုံး နေရာမှာတော့ ၁,၃၄၂ ppm ထိရှိနေတာဖြစ်ပြီး အာဆင်းနစ်အဆင့်ကတော့ ၁၀,၀၆၀ ppm ရှိနေပြီး ဒါဟာ WHO လမ်းညွှန်ချက်တွေထက် ရာခိုင်နှုန်း ၄,၀၀၀ ကျော် နေတယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။

အာဆင်းနစ်ပမာဏ မြင့်မြင့်မားမားထိတွေ့မှုကြောင့် အရေပြား ပျက်စီးတာနဲ့ ကျောက်ကပ် ချို့ယွင်းတာတွေ ဖြစ်စေနိုင်ပြီး ညစ်ညမ်းတဲ့ အဆိပ်သင့် ရေနဲ့ အစားအစာတွေကနေ တဆင့် အဆုတ်၊ ဆီးအိမ်နဲ့ အရေပြားကင်ဆာဖြစ်နိုင်ခြေ တိုးလာနိုင်တယ်လို့ WHO က သတိပေးထား ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013