DVB Logo
Home
နိုင်ငံတကာ
ဓားစာခံသဘောတူညီချက်ကိစ္စ ဟားမတ်စ်ဆီမှ ပေးစာမရဟု အမေရိကန်ဝန်ကြီးပြော
DVB
·
September 24, 2025
ဓားစာခံသဘောတူညီချက်ကိစ္စ ဟားမတ်စ်ဆီမှ ပေးစာမရဟု အမေရိကန်ဝန်ကြီးပြော
Donate to DVB

အမေရိကန်ပြည်ထောင်စုဟာ ဟားမတ်စ်ဆီကနေ ဓားစာခံကိစ္စအပေးအယူနဲ့ပတ်သက်တဲ့ ပေးစာ မရရှိထားဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက စက်တင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။

ဟားမတ်စ်ဟာ ဂါဇာမှာ ထိန်းသိမ်းခံထားရတဲ့ ဓားစာခံအရေအတွက် ထက်ဝက်ကို ချက်ချင်း ပြန်လွှတ်ပေးမဲ့ အလဲအလှယ်အနေနဲ့ ရက်ပေါင်း ၆၀ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ဆီကို စာတစ်စောင် ပေးပို့ခဲ့တယ်လို့ Fox News သတင်းက ဆိုပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုကတော့ အဲဒီစာကို မမြင်တွေ့ဖူးကြောင်းနဲ့ ဟားမတ်စ်ဟာ အဲဒီစာကို မီဒီယာ ဒါမှမဟုတ် တစုံတယောက်ဆီ ပေးလိုက်တယ်လို့ ထင်ရကြောင်း Fox ချန်နယ်ရဲ့ အင်္ဂါနေ့ မနက်ပိုင်း  "Fox & Friends" အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

မာကိုရူဘီအိုက “ဟားမတ်စ်ခေါင်းဆောင်တွေအားလုံး၊ ဂါဇာမှာရှိတဲ့ အဓိက ခေါင်းဆောင်တွေနဲ့ ဟားမတ်စ်တွေအားလုံးဟာ ဂါဇာမြို့တော်မှာ စုစည်းနေကြကြောင်း၊ အချိန် အနည်းငယ်လောက် ကြာနိုင်ပေမဲ့လည်း အစ္စရေးရဲ့ တွန်းအားပေးမှုကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး” လို့ ပြောပါတယ်။

ဟားမတ်စ်တွေ လက်နက်ချလိုက်တာကြောင့် ဒါတွေဖြစ်မလာတော့ဖို့ကို မြင်တွေ့နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ဆိုပါတယ်။

သူတို့တွေ လက်နက်ချပြီး ဓားစာခံတွေအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီးရင် ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ရေးနဲ့ ပါလက်စတိုင်းတွေအတွက် သာယာဝပြောပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်မယ့် နေရာတခုကို ပေးအပ်နိုင်ဖို့က အရေးကြီးတဲ့ အလုပ်ဖြစ်ပြီး ဒါကို စ လုပ်နိုင်တော့မယ် လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ ဓားစာခံတွေကို ပြန်မလွှတ်ပေးမချင်း လုပ်ငန်း မစနိုင်သေးသလို ဟားမတ်စ်တွေလည်း သိပ်ကြာကြာခံနိုင်တော့မှာ မဟုတ်ဘူးလို့လည်း ပြောဆိုပါတယ်။

ဒါကြောင့် မြန်မြန်လုပ်ဆောင်နိုင်လေ၊ ငြိမ်းချမ်းရေးက အနှေးနဲ့အမြန် စနိုင်တော့မှာပါလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013