ကိုလံဘီယာနိုင်ငံ၊ ကာရစ်ဘီယံပင်လယ်ကမ်းခြေရှိ ကာတာဂျီနာဆိပ်ကမ်းမှာ ကိုကင်း ၇ ဒသမ ၆ မက်ထရစ်တန် ဖမ်းဆီးရမိခဲ့ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း အကြီးမားဆုံး ဖမ်းဆီးရမိမှု ဖြစ်တယ်လို့ သမ္မတ အဘယ်လာဒို ဒီလာအက်စ်ပရီယယ်လာက အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။
အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ရုပ်သံမှတ်တမ်းတွေထဲမှာ ကာရစ်ဘီယံဆိပ်ကမ်းမှာ ကုန်ပစ္စည်းတွေကို စစ်ဆေးချိန် သကြားမှုန့်ထုပ်တွေပုံစံ ထုပ်ပိုးထားတဲ့ ကိုကင်းတွေကို တွေ့ရပါတယ်။
သမ္မတက ဒီဖမ်းဆီးမှုလုပ်ငန်းစဉ်ကို ကြီးကြပ်ခဲ့ပြီး သူ့သမ္မတသက်တမ်း ၇၅ ရက်တာ ကာလအတွင်း အစိုးရအနေနဲ့ ကိုကင်း ၁၃၂ မက်ထရစ်တန်ကို ဖမ်းဆီးရမိထားတယ်လို့လည်း သူက ပြောပါတယ်။
အကြမ်းဖက်မှုပုံစံ အမျိုးမျိုးဟာ မူးယစ်ဆေးဝါး မှောင်ခိုကူးမှုကနေ အားဖြည့်ပံ့ပိုးမှု ရယူနေကြတာလို့လည်း သူက ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ မဟာမိတ်တယောက်ဖြစ်ပြီး ‘Shield of the Americas’ မဟာမိတ်အဖွဲ့ဝင်တယောက်လည်းဖြစ်သူ ကိုလံဘီယာသမ္မတက ရာဇဝတ်မှုတွေနဲ့ လက်နက်ကိုင် အဖွဲ့တွေကို ပြင်းပြင်းထန်ထန် နှိမ်နင်းသွားမယ်လို့ ကတိပြု ပြောဆိုခဲ့ပါတယ်။
Source: Reuters











