DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက် ဝချီရဆေးရုံကြီးရှေ့၌  မြေကျွံကျ၊ အတွင်းလူနာအချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်း 
DVB
·
September 24, 2025
ဘန်ကောက် ဝချီရဆေးရုံကြီးရှေ့၌  မြေကျွံကျ၊ အတွင်းလူနာအချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်း 
1 / 6
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒုဆစ်နယ်မြေ၊ ဝချီရဖယားဘန်းရပ်ကွက်၊ ဆမ်ဆဲန်လမ်းမကြီးပေါ်က ဝချီရဖယားဘန်းဆေးရုံကြီးရှေ့မှာ စက်တင်ဘာ ၂၄ ရက် ဒီမနက် ၇ နာရီကျော်က မြေကျွံကျလို့ ကြီးမားတဲ့အပေါက်ကြီး ဖြစ်သွားပါတယ်။ 

မြေကျွံကျမှုမှာ ၇ နာရီ ၁၃ မိနစ်က တကြိမ်၊ ၇ နာရီ ၂၄ မိနစ်မှာ တကြိမ်၊ ၂ ကြိမ်ဖြစ်ပွားပြီး အကျယ် ၃၀ စတုရန်းမီတာနဲ့ အနက် မီတာ ၅၀ ထိ တွင်းကြီးဖြစ်သွားတယ်။ လမ်းဘေးဓာတ်တိုင် ၂ တိုင်နဲ့ အဲဒီနေရာမှာ ရပ်ထားတဲ့ မော်တော်ကား ၂ စီးပါ တွင်းထဲ ပြုတ်ကျသွားပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ဒါပေမဲ့ အဲဒီနေရာဟာ ဝချီရဆေးရုံကြီးရှေ့မှာ ရှိတာကြောင့် အတွင်းလူနာတချို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းထားရသလို ပြင်ပလူနာပေါင်း ၃,၅၀၀ ကျော်ကိုလည်း နောက်ထပ် ရက်ချိန်းလိုက်ရတယ်လို့ ဆေးရုံတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အခင်းဖြစ်တဲ့နေရာကို ဘန်ကောက်ခရိုင်ဝန် ချာ့ချတ်ဆစ်ထိဖန်းနဲ့ လျှပ်စစ်ဓာတ်အားရုံး၊ ရေပေးဝေရေးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဌာန၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးဌာနက တာဝန်ရှိသူတွေ လာရောက်စစ်ဆေးပြီး  နောက်ဆက်တွဲ ဘေးအန္တရာယ်တွေ မဖြစ်စေဖို့ အခင်းဖြစ်တဲ့ နေရာတဝိုက် မဆိုင်သူတွေ ဝင်ထွက်ခွင့် ကန့်သတ်ထားသလို ဝချီရဖယားဘန်း မီးပွိုင့်နဲ့ ဆန်ဟိမီးပွိုင့်ကြားရှိ လမ်းမကြီးလည်း ယာယီပိတ်ဖို့ ညွှန်ကြားထားပါတယ်။

မြေကျွံကျရတဲ့အကြောင်းရင်း အသေးစိတ် မသိရသေးပေမဲ့ အဆိုပါနေရာဟာ လျှပ်စစ်ရထား ဖြတ်သန်းရာ ဆောက်လက်စ ဥမင်လိုဏ်ခေါင်းနဲ့ ဘူတာရုံကြား ဆက်စပ်တဲ့ နေရာဖြစ်ပြီး ဘူတာရုံမျက်နှာကြက် ပျက်စီးရာက လိုဏ်ခေါင်းထဲ ရေတွေ စိမ့်ဝင်တာက စတာဖြစ်နိုင်တယ်လို့ ဘန်ကောက်ခရိုင်ဝန်က ခန့်မှန်းပြောဆိုပါတယ်။ 

အဆိုပါလမ်းကို အများပြည်သူ ပြန်လည်အသုံးပြုနိုင်အောင် အမြန်ဆုံး ပြန်လည်ပြုပြင်သွားမယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောသွားပါတယ်။ 

Source: The Standard / DDPM 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013