DVB Logo
Home
အားကစား
မက်ဆီ ရှိနေသရွေ့ မိုင်ယာမီအသင်းဆီ မပြောင်းရန် ပရီးမီးယားလိဂ်ကစားသမားဟောင်း ဝေဖန်
DVB
·
September 24, 2025
မက်ဆီ ရှိနေသရွေ့ မိုင်ယာမီအသင်းဆီ မပြောင်းရန် ပရီးမီးယားလိဂ်ကစားသမားဟောင်း ဝေဖန်
Donate to DVB

မက်ဆီရှိနေသရွေ့ အင်တာမိုင်ယာမီအသင်းဆီ မပြောင်းရွှေ့ဖို့ ပရီးမီးယားလိဂ်ကစားသမားဟောင်း ဖြစ်သူ မားသီယက်စ်ကလစ်ချ်က တိုက်တွန်းသွားပါတယ်။ 

အသက် ၃၅ နှစ်ရှိ ကလစ်ချ်ဟာ လိဒ်ယူနိုက်တက်မှာ ၆ ရာသီကြာကစားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အထိ မေဂျာလိဂ် ကလပ်တွေဖြစ်တဲ့ ဒီစီယူနိုက်တက်နဲ့ အက်တလန်တာ အသင်းတွေမှာ ၃ ရာသီကြာ ကစားခဲ့သူပါ။ 

အင်တာမိုင်ယာမီမှာ မက်ဆီရှိနေသရွေ့ အသင်းပြောင်းရွှေ့မှု လုပ်ဆောင်ဖို့ ထောက်ခံမှာမဟုတ်ဘဲ အသင်းက ကပ်ရောဂါတခုလိုဖြစ်နေကြောင်း ကလစ်ချ်က ဝေဖန်ပါတယ်။ 

အသင်းရှိ လူတော်တော်များများက ထွက်ခွာနေကြပြီး နည်းပြတွေနဲ့ အကြောပြင်ဆရာတွေလည်း ထွက်ခွာနေကြောင်း၊ မက်ဆီရဲ့ ဖခင်ကအသင်းကို အဓိကအုပ်ချုပ်နေပြီး အားလုံးကလည်း စပိန်စကားပဲ ပြောဆိုကြကြောင်းနဲ့ ကလပ်အသင်းကလည်း မိုင်ယာမီနဲ့ မိနစ် ၅၀ လောက်အကြာ သွားမှ ရောက်တဲ့နေရာမှာရှိကြောင်း ကလစ်ချ်က ဝေဖန်သွားခဲ့တာဖြစ်ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013