DVB Logo
Home
မြန်မာသတင်း
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ 
DVB
·
September 23, 2025
ကန်ကျနပူရီတွင် တရားမဝင်မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ 
Donate to DVB

မြန်မာပြည်တွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှု၊ လုံခြုံရေးပြဿနာတွေကြောင့် နိုင်ငံသားတွေ နေ့စဉ်နဲ့အမျှ ပြည်ပထွက်ခွာလုပ်ကိုင်စားသောက်နေကြရာမှာ ထိုင်းကိုတရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးခံရတာလည်း နေ့စဉ်လိုရှိနေပါတယ်။ 

စက်တင်ဘာ ၂၂ ရက် ညနေ ၄ နာရီကျော်ကလည်း  ထိုင်း-မြန်မာနယ်စပ် ကန်ကျနပူရီခရိုင် ကန်ကျနပူရီမြို့နယ်ထဲမှာ တရားမဝင် မြန်မာ ၁၁ ယောက် ဖမ်းဆီးခံရတယ်လို့  ကန်ကျနပူရီဒေသ တွင်းသတင်းမှာ ဖော်ပြပါတယ်။ 

အဝေးပြေးလမ်းရဲတပ်ဖွဲ့၊ နယ်ခြားစောင့်တပ်၊ အုပ်ချုပ်ရေး နဲ့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ကန်ကျနပူရီမြို့နယ်  နောင်ဘိုအုပ်စု  နယ်မြေ ၈ နောင်ဘိုရွာအပိုင်းရှိ  အဝေးပြေး လမ်းမကြီး မီးပွိုင့်နားမှာ မသင်္ကာဘွယ် ငွေရောင်တိုယိုတာဖော်ကျူနာကားတစီးကို တားဆီးစစ် ဆေးခဲ့ပြီး ကားပေါ်လိုက်ပါစီးနင်းလာတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၁၁ ယောက် (ကျား ၅ ၊ မ  ၆) တို့ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။ 

စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ မြန်မာနိုင်ငံ ဘုရားသုံးဆူ တောလမ်းဘက်ကနေ ဝင်ရောက် လာပြီး ထိုင်းအလယ်ပိုင်း အယုဒ္ဓယခရိုင်မှာ အလုပ်သွားလုပ်ဖို့ဖြစ်တယ်။ ပွဲစားကို တစ်ဦးလျှင် ဘတ် ၁၅၀၀၀ မှ  ၂၀၀၀၀ ထိ ပေးရတယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် သူတို့ကိုတင်ဆောင်လာတဲ့ ယာဉ်မောင်းသမား နိုင်းဝီရ (၂၆ နှစ်) တောင်ပေါ်သားလက်မှတ်ကိုင်ဆောင်သူ မွန်အမျိုးသားကိုလည်း  အထောက်အထားမဲ့သူတွေကို တရားမဝင် ခေါ်ဆောင်လာမှု၊  တရားမဝင်သူတွေ အပြစ်မှကင်းလွတ်စေဖို့ သိုဝှက်လာမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

ကန်ကျနပူရီခရိုင်ထဲမှာ ပြီးခဲ့တဲ့အပတ်ကလည်း တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာတဲ့  ထိုင်းနိုင်ငံသား ကတ်ရရှိထားသူ  တောင်ပေါ်သား ၄ ယောက်ကို မှတ်ပုံတင်ကတ်တွေ ပြန်လည်ရုပ် သိမ်းခဲ့ပါတယ်။ ကန်ကျနပူရီခရိုင်ထဲမှာ နောက်ထပ်အထောက်အထားအမျိုးမျိုးနဲ့ နေထိုင်ခွင့်ရထား သူ ၃၀ ကျော်ဟာလည်း ဥပဒေချိုးဖောက်မှုတွေရှိတာကြောင့် မှတ်ပုံတင်ကတ်တွေ ပြန်သိမ်းဖို့ စိစစ်နေတယ်လို့  ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်သူတွေထဲမှာလည်း ပြီးခဲ့တဲ့အပတ်က ဆန်ခလပူရီမြို့နယ်ထဲ လှေစီးဝင်လာရင်း လှေမှောက်သွားလို့  ၃ ယောက် သေဆုံးခဲ့တယ်၊ မနေ့ မနက်ပိုင်းကလည်း ပထုန်ဌာနီခရိုင်ထဲမှာ တရားမဝင်မြန်မာတွေ တင်ဆောင်လာတဲ့ကား မတော်တဆတိမ်းမှောက်ပြီး မြန်မာ ၃ ယောက် သေဆုံးခဲ့ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013