DVB Logo
Home
မြန်မာသတင်း
ကျားဖြန့်အတွက် လူကုန်ကူးမှုတွင် လဝက ပါဝင်ပတ်သက်နေမှုအပေါ် ထိုင်းငြင်းဆို   
DVB
·
September 23, 2025
ကျားဖြန့်အတွက် လူကုန်ကူးမှုတွင် လဝက ပါဝင်ပတ်သက်နေမှုအပေါ် ထိုင်းငြင်းဆို   
Donate to DVB

မြန်မာကျားဖြန့်ဂိုဏ်းတွေဆီ နိုင်ငံခြားသားတွေ လူကုန်ကူးတဲ့ ကိစ္စတွေမှာ ထိုင်းလူဝင်မှု ကြီးကြပ်ရေး (လဝက) အရာရှိတွေ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ရိုက်တာ သတင်းဌာနရဲ့ ဖော်ပြချက်တွေအပေါ် မဟုတ်မှန်ဘူးလို့ ထိုင်းနိုင်ငံဘက်က ငြင်းဆိုလိုက်တဲ့အကြောင်း Khaosod English သတင်းမှာ စက်တင်ဘာ ၂၀ ရက်က ဖော်ပြပါတယ်။

အဆိုပါ သတင်းမှာတော့ တောင်အာဖရိက၊ တောင်အာရှနဲ့ အရှေ့တောင်အာရှဒေသတွေက နိုင်ငံခြားသား ၉ ယောက်နဲ့ အင်တာဗျူးထားပြီး သူတို့ဟာ ထိုင်းနိုင်ငံကနေတဆင့် မြန်မာနိုင်ငံဘက်က ကျားဖြန့်ဂိုဏ်းတွေဆီ လူကုန်ကူးခံခဲ့ရတယ်လို့ ဖော်ပြခဲ့တာပါ။

ဒါ့အပြင် သတင်းထဲမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက သူငယ်ချင်းတယောက်ဆီ သွား ရောက်လည်ပတ်ဖို့ ထိုင်းကို သွားရောက်ခဲ့တယ်ဆိုတဲ့ အိုလီအမည်ရတဲ့ အသက် ၃၀ ဝန်းကျင် အီသီယိုးပီးယားသား အိုင်တီအတိုင်ပင်ခံတယောက်လည်း ပါဝင်သလို သူဟာ ထိုင်းလေဆိပ်ကို ရောက်ရှိခဲ့ပြီးနောက်မှာ ထိုင်းလဝက အမျိုးသမီးအရာရှိတယောက်က သူ့ရဲ့ နိုင်ငံကူးလက်မှတ်ကို စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာတော့ ပါလာတဲ့ ခရီးဆောင်အိတ်တွေကို ဟိုတယ်က လာကြိုတယ်ဆိုတဲ့ လူတယောက်ကို လွှဲပြောင်းပေးခဲ့ပြီး ဘန်ကောက်ကနေ မဲဆောက်ကို ကားနဲ့ ခေါ်သွားခဲ့တဲ့လမ်းမှာ အိပ်ပျော်နေခဲ့ကာ မဲဆောက်ကနေ မြန်မာဘက်ခြမ်းကို အတင်းအကျပ် ပို့ဆောင်လူကုန်ကူးခံခဲ့ရတယ်လို့ ပြောထားတဲ့အကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဘက်ကတော့ တင်းကျပ်တဲ့ စစ်ဆေးမှုစနစ်ကို ဇန်နဝါရီလအတွင်း စတင်ခဲ့ပြီး ဗီဇာစစ်ဆေးတာ၊ အပြန်လေယာဉ်လက်မှတ်၊ ခရီးသွားအစီအစဉ်နဲ့ နေထိုင်စရာတွေကို မေးမြန်းစစ်ဆေးတယ်လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက အကြီးတန်းအရာရှိ ရဲ ဗိုလ်ချုပ် ချောင်ဂရွန် ရင်ပါဒီးက ပြောထားသလို လူ ၁၆,၅၀၀ ကျော်ရဲ့ ပြည်ဝင်ခွင့်ကို ငြင်းဆန်ခဲ့ပြီး ဟိုတယ်ဝန်ထမ်းတွေဟာလည်း ခွင့်ပြုချက်မရဘဲ ကန့်သတ် အထုပ်အပိုး ထုတ်ယူတဲ့နေရာတွေကို ဝင်ခွင့်မရှိဘူးလို့ ပြောထားပါတယ်။

ဒါ့အပြင် ခုလိုအခြေအနေကြောင့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံထဲ ဝင်ရောက်လာခဲ့တဲ့ နိုင်ငံခြားသားတွေ အားလုံးရဲ့ မှတ်တမ်းတွေကို စစ်ဆေးရာမှာလည်း အိုလီအမည်နဲ့ ဆင်တူနာမည် ၆၂ ယောက်ကိုသာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့ထဲက  ယူဂန္ဓာ အမျိုးသား ၁ ယောက်နဲ့ ကင်ညာ အမျိုးသမီး ၁ ယောက်ကသာ အရှေ့အာဖရိကဒေသက ဖြစ်ကာ အီသီယိုးပီးယားကနေ အဆိုပါနာမည်နဲ့ ဝင်ရောက်လာသူ မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။

ဒါကြောင့်မို့ ဒီသတင်းက နိုင်ငံတကာမှာ ထိုင်းနိုင်ငံရဲ့ ပုံရိပ် ဂုဏ်သတင်းပျက်စီးစေလိုတဲ့ သဘောနဲ့ ရိုက်တာသတင်းဌာနကနေ အခြေအမြစ်မရှိ လုပ်ကြံသတင်းကို ဖော်ပြသွားခဲ့တာသာဖြစ်ပြီး ထိုင်းမီဒီယာတွေ အနေနဲ့လည်း သေချာ စုံစမ်းခြင်းမပြုဘဲ အဆိုပါ သတင်းတွေကို ပြန်လည်ဖော်ပြနေတာတွေက နိုင်ငံရဲ့ ဂုဏ်သတင်းကို  ထိခိုက်စေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013