DVB Logo
Home
နိုင်ငံတကာ
နေတိုး ဒရုန်းတံတိုင်းအစီအစဉ်တွင် ယူကရိန်းကို ထည့်သွင်းရန် လစ်သူယေးနီးယား တိုက်တွန်း
DVB
·
September 23, 2025
နေတိုး ဒရုန်းတံတိုင်းအစီအစဉ်တွင် ယူကရိန်းကို ထည့်သွင်းရန် လစ်သူယေးနီးယား တိုက်တွန်း
Donate to DVB

ယူကရိန်းမှာ ဒရုန်းအတွေ့အကြုံနဲ့ ဗဟုသုတတွေ ရှိတာကြောင့် နေတိုးရဲ့ နယ်နိမိတ်တွေကို ကာကွယ်ဖို့ ဒရုန်းတံတိုင်းတခု ပြုလုပ်မယ့် အစီအစဉ်တွေမှာ ယူကရိန်းကိုလည်း အပြည့်အဝ ပေါင်းထည့်သင့်တယ်လို့ လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး ကက်စ်တူးတစ်စ် ဘူးဒ်ရစ်စ် က စက်တင်ဘာ ၂၂ ရက်မှာ ပြောပါတယ်။

ယူကရိန်းဟာ ညစဉ်ညတိုင်း ဒရုန်းတွေကို ပြန်လည်တိုက်ခိုက်နေပြီး ဒရုန်းတွေကို တန်ပြန်ဖို့ ပေါင်းစပ်စနစ်တွေ ရှိထားကြောင်းလည်း ဘူးဒ်ရစ်စ် က ဆိုပါတယ်။ 

ယူကရိန်းက ကာကွယ်ရေးစည်းဖြစ်ပြီး အားအကောင်းဆုံး အဟန့်အတားဖြစ်တာကြောင့် လုပ်ဆောင်ဖို့ လိုအပ်တဲ့အရာကို တည်ဆောက်တာဖြစ်ပြီးတော့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်ဖို့ ကတိပြုထားပြီးဖြစ်သလို ပေးဆောင်ရမယ်လို့ ကက်စ်တူးတစ်စ် ဘူးဒ်ရစ်စ် က ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ပြင်ပအချိန်မှာ ရိုက်တာစ်ကို ပြောပါတယ်။ 

“သူတို့ တောင်းဆိုတာတွေကို နားထောင်ပေးရပါမယ်။ သူတို့တွေက ငွေကြေးထောက်ပံ့ပေးဖို့နဲ့ ထုတ်လုပ်ရေးကိုလည်း တောင်းဆိုကြောင်း၊ သူတို့ကိုယ်တိုင် ထုတ်လုပ်မှုအတွက် သင့်လျော်တဲ့ ကာကွယ်ရေးစက်မှုလုပ်ငန်း ထုတ်လုပ်မှုရရှိအောင် တောင်းဆိုတာ။” 

ပိုလန်နိုင်ငံထဲကို ရုရှားဒရုန်း ကျူးကျော်ဝင်ရောက်လာမှုကြောင့် အဆောတလျင် လုပ်ဆောင်လိုက်တဲ့ စီမံချက်အဖြစ် ဥရောပသမဂ္ဂ အီးယူရဲ့ အရှေ့ဖက်နယ်စပ်တလျှောက်မှာ ဒရုန်းတံတိုင်းတခု ဖန်တီးမယ့်အစီအစဉ်ကို အီးယူက စဉ်းစားသုံးသပ်နေတာပါ။ 

ပိုလန်နဲ့ နေတိုးတပ်ဖွဲ့တွေဟာ ဈေးကြီးတဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ စစ်လေယာဉ်တွေကို အသုံးပြုပြီး ဒရုန်းအများအပြားကို ပစ်ချခဲ့ပေမဲ့လည်း ဥရောပနဲ့ နေတိုးတို့ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို ကာကွယ်နိုင်တဲ့ စွမ်းရည်မှာ ကွာဟချက်တွေ ရှိနေတာကို တွေ့ရှိရကြောင်း လေ့လာသုံးသပ်သူတွေနဲ့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013