DVB Logo
Home
မြန်မာသတင်း
ကဝမြို့နယ် ပကဖ ဒုတပ်စိတ်မှူး ၂ ဦး အပါအဝင် ၃ ဦး ထွက်ပြေး
DVB
·
September 23, 2025
ကဝမြို့နယ် ပကဖ ဒုတပ်စိတ်မှူး ၂ ဦး အပါအဝင် ၃ ဦး ထွက်ပြေး
Donate to DVB

ပဲခူးတိုင်း၊ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ကဝမြို့နယ် ပကဖ) ထဲက ဒုတပ်စိတ်မှူး ၂ ယောက် အပါအဝင် ၃ ယောက် ထွက်ပြေးသွားကြလို့ တပ်ပြေးတွေအဖြစ် စက်တင်ဘာ ၂၁ ရက်မှာ အဆိုပါအဖွဲ့ကနေ ကြေညာပါတယ်။

ကဝမြို့နယ် ပကဖရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက “ထွက်ပြေးသွားတဲ့ ၃ ယောက်ထဲမှာက ချစ်မင်းကိုနဲ့ သန့်ဇင်ဦးတို့က ဒုတပ်စိတ်မှူးတွေပါ။ ပြည့်ဖြိုးအောင်ကတော့ တပ်ဖွဲ့ဝင်ဖြစ်ပါတယ်။ တယောက်နဲ့တယောက် ထွက်ပြေးတဲ့ရက်တွေကတော့ မတူကြပါဘူး” လို့ ပြောပါတယ်။

ဒုတပ်စိတ်မှူး ချစ်မင်းကိုဟာ သြဂုတ်လထဲမှာ ထွက်ပြေးသွားတာဖြစ်သလို ဒုတပ်စိတ်မှူး သန့်ဇင်ဦး ကတော့ ဇွန်လထဲမှာ ထွက်ပြေးသွားတာဖြစ်ပြီး ရဲဘော် ပြည့်ဖြိုးအောင် ကတော့ ဧပြီလဆန်းပိုင်းကတည်းက ထွက်ပြေးသွားခဲ့တာလို့ ဆိုပါတယ်။

ကဝမြို့နယ် ပကဖ တာဝန်ရှိသူတယောက်က “တပ်ဖွဲ့ စတင်တည်ထောင်တဲ့ ၂၀၂၂ ခုနှစ်ကနေ အခုလိုထွက်ပြေးတာ ဒီ ၃ ယောက်ပဲ ရှိပါတယ်။ သူတို့တွေဆီကို ဆက်သွယ်မေးမြန်းကြည့်တဲ့အခါမှာ မိန်းမနဲ့တွေ့ဖို့၊ ရည်းစားနဲ့လက်ထပ်ဖို့၊ ပြည်ပထွက်ပြီး အလုပ်လုပ်ဖို့ဆိုတဲ့ အရပ်သား ပုဂ္ဂလိကဆန္ဒတွေကြောင့်လို့ သိရတယ်။ စစ်တပ်နဲ့ သွားပေါင်းတာမျိုး မဟုတ်ဘူး။ သူတို့တွေဟာ တပ်ဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်လာကြတာ ၁ နှစ်ခွဲ ၂ နှစ် သက်တမ်းရှိနေကြပြီ။ တာဝန်ထမ်းဆောင်နေတဲ့ ကာလအတွင်းမှာလည်း တပ်ဖွဲ့အတွင်း ပြစ်မှုမှတ်တမ်း ကင်းရှင်းကြသူတွေ ဖြစ်ကြပါတယ်” လို့ DVB ကို ပြောပါတယ်။

ထွက်ပြေးသွားကြသူတွေဟာ တပ်ဖွဲ့ပိုင် လက်နက်၊ ခဲယမ်းနဲ့ ယူ​နီဖောင်း စတာတွေလည်း ယူဆောင်သွားတာ မရှိပါဘူး။

ထွက်ပြေးသွားကြသူတွေဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန (MOD) နဲ့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ချမှတ်ထားတဲ့ နုတ်ထွက်ခွင့်ဆိုင်ရာ စည်းကမ်းချက်တွေကို ချိုးဖောက်ပြီး ထွက်ပြေးသွားကြတာလို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကနေ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013