DVB Logo
Home
မြန်မာသတင်း
အင်းတော်၌ လေကြောင်းတိုက်ခိုက်မှုကြောင့် သုံ့ပန်း ၅ ဦးနှင့် ပကဖတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
DVB
·
May 21, 2026
Photo: Google Map
Photo: Google Map
Donate to DVB

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်ထဲက မန်ဖာကျေးရွာပတ်ဝန်းကျင်ကို စစ်အာဏာရှင် လေတပ်က မေ ၂၀ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စစ်သုံ့ပန်း ၅ ယောက်နဲ့ ရဲဘော် ၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသွားတဲ့ စစ်သား ၅ ယောက်ဟာ မေလအတွင်းဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ဖမ်းဆီးရမိသူတွေ ဖြစ်တယ်လို့ အင်းတော်မြို့နယ်က သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ရဲဘော် ၂ ယောက်နဲ့ သုံ့ပန်း ၅ ယောက် စုစုပေါင်း ၇ ယောက် သေတယ်။ ဟုမ္မလင်းဘက်က တက်တဲ့ ဂျက်ဖိုက်တာနဲ့ ကြဲသွားတာ ၁၀ နာရီကျော်ကျော်လောက်ကပေါ့၊ သေသွားတဲ့ ၅ ယောက်ကတော့ ဒီရက်ပိုင်း တိုက်ပွဲတွေမှာ ဖမ်းရတဲ့သူတွေ။”

လေတပ်က ဂျက်တိုက်လေယာဉ် ၂ စင်း နဲ့ လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့လို့ အသက်ဆုံးရှုံးသွားတဲ့ ရဲဘော် ၂ ယောက်ကတော့ ပကဖ တပ်ဖွဲ့ဝင်တွေလို့ သိရပါ။ 

အင်းတော်မြို့ကို စစ်တပ်က ဧပြီ ၂၉ ရက်မှာ ပြန်လည်သိမ်းပိုက် ရရှိထားပြီးနောက် အင်းတော်မြို့ ပတ်ဝန်းကျင်ကို စစ်တပ်က စစ်ကြောင်းထိုး လှုပ်ရှားလာတာကြောင့်လည်း တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ မေ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ခဏငြိမ်သက်နေတယ်လို့ အင်းတော်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။

“တိုက်ပွဲကတော့ မနေ့က တိုက်ပွဲဖြစ်တာ မရှိဘူး၊ ဒီနေ့ ဂျက်ဖိုက်တာနဲ့ လာကြဲသွားတယ်၊ အရင်ရက်တွေကတော့ နေ့တိုင်းလို နှစ်ဖက် ပစ်ခတ်မှုတွေရှိတယ်။”

လက်ရှိအချိန် စစ်တပ်က မန္တလေးတိုင်းကနေတဆင့် ထီးချိုင့်၊ ကသာ၊ အင်းတော် လမ်းပိုင်းတွေကနေ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်ဘက်ကို စစ်အင်အားတွေ အများအပြား ပို့ဆောင်ထားပြီးတော့ စစ်ဆင်ရေးဖော်ဆောင်ဖို့ ရှိနေတယ်လို့ သတင်းရင်းမြစ်က ခန့်မှန်းပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013