DVB Logo
Home
နိုင်ငံတကာ
ကင်မရွန်းတွင် ခွဲထွက်ရေးသမားများ၏ ခြိမ်းခြောက်မှုကြောင့် ကျောင်းများပိတ်ထားရ
DVB
·
September 22, 2025
ကင်မရွန်းတွင် ခွဲထွက်ရေးသမားများ၏ ခြိမ်းခြောက်မှုကြောင့် ကျောင်းများပိတ်ထားရ
Donate to DVB

ကင်မရွန်းနိုင်ငံမှာ သမ္မတရွေးကောက်ပွဲ မတိုင်မီ သီတင်းပတ်အနည်းငယ်အလိုမှာ အင်္ဂလိပ်စကားပြောတဲ့ ဒေသတွေရှိ စာသင်ကျောင်းတွေပိတ်ထားပြီး လမ်းတွေပေါ်မှာ လူသူအသွားအလာမရှိဘဲ ခြောက်ကပ်နေပါတယ်။

လက်နက်ကိုင်ခွဲထွက်ရေးသမားတွေက တလကြာအောင် ဒေသတွေကနေ အပြင်မထွက်ဖို့ ကန့်သတ်ပြီး လော့ဒေါင်းချထားလို့ ပညာရေးနဲ့ နေ့စဉ်ဘဝတွေ အနှောင့်အယှက်ဖြစ်နေပါတယ်။

စက်တင်ဘာ အစောပိုင်းမှာစတဲ့ ခုလိုပိတ်ပင်ချက်ဟာ ကျောင်းတွေပြန်ဖွင့်တာကို ပိတ်ဆို့ဖို့နဲ့ အောက်တိုဘာ ၁၂ ရက် ရွေးကောက်ပွဲ မဲပေးမှုကို တားဆီးဖို့ ရည်ရွယ်ထားပါတယ်။

ကင်မရွန်းနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အနောက်တောင်ဒေသတွေမှာ ၂၀၁၆ ခုနှစ်ကတည်းက ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ ဒါဟာ နောက်ဆုံးဖြစ်ထွန်းမှုပါ။

ဗြဲယာမြို့က ကျောင်းဆရာ ဟဲဘာ့တ်ငူတီက မကြာသေးမီက တိုက်ခိုက်မှုကြောင့် စစ်သား ၇ ယောက် သေဆုံးခဲ့ရပုံကို ကိုးကားပြီး သောင်းကျန်း သတ်ဖြတ်မှုကို လူတိုင်းမြင်ဖူးတယ်လို့ ပြောပါတယ်။

“သေနတ်နဲ့ လှုပ်ရှားတဲ့ စစ်သားတယောက်ကို ကွင်းပြင်မှာ သတ်နိုင်ရင် ကျနော့်လို ဆရာနဲ့ ကျောင်းသားတွေက အသတ်မခံရနိုင်ဘူးလား။” 

ကင်မရွန်းပဋိပက္ခကြောင့် အရပ်သား ၆,၀၀၀ ထက်မနည်း သေဆုံးပြီး ပညာရေးစနစ်ကို ပျက်စီးစေခဲ့တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Human Rights Watch က ဆိုပါတယ်။

ခွဲထွက်ရေးသမားတွေက ကျောင်းသားတွေ၊ ဆရာတွေနဲ့ အဆောက်အုံတွေကို ပစ်မှတ်ထား တိုက်ခိုက်၊ ခြိမ်းခြောက်၊ ပြန်ပေးဆွဲခြင်းတွေကနေတဆင့် “ကျောင်းမနေရ” မူဝါဒကို ကျင့်သုံးခဲ့ပါတယ်။

မလုံခြုံပေမဲ့ တချို့ကျောင်းတွေကို ပြန်ဖွင့်ခဲ့လို့ ဒေသတွင်း ပိတ်ထားရတဲ့ ကျောင်းအရေအတွက်က ၇,၀၀၀ နီးပါးကနေ ၂,၄၆၃ ဆီ ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ ပညာရေးအဖွဲ့ကြီး ယူနီဆက်ဖ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ခွဲထွက်ရေးလှုပ်ရှားမှုတွေ ပြင်းထန်လာမှာကို စိုးရိမ်နေပါတယ်။ အသက် ၉၂ နှစ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အသက်အကြီးဆုံးသမ္မတ ပေါလ်ဘီယာက နောက်ထပ် သက်တမ်းအတွက် ပြန်အရွေးခံမယ်လို့ ကြေညာထားပြီး ထိပ်တန်းအတိုက်အခံ ခေါင်းဆောင်တယောက်ကို ပြိုင်ပွဲကနေ တားမြစ်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013