DVB Logo
Home
နိုင်ငံတကာ
ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဥရောပတဝန်း လေကြောင်းခရီးများနှောင့်နှေး
DVB
·
September 21, 2025
ဆိုက်ဘာ တိုက်ခိုက်မှုကြောင့် ဥရောပတဝန်း လေကြောင်းခရီးများနှောင့်နှေး
Donate to DVB

သောကြာညက စတဲ့ ဆိုက်ဘာတိုက်ခိုက်မှုတရပ်ကြောင့် ဂျာမနီနိုင်ငံရဲ့မြို့တော် ဘာလင်က ဘရန်ဒင်ဘာ့ဂ် လေဆိပ်၊ ဘယ်လ်ဂျီယံနိုင်ငံက ဘရပ်ဆဲလ်လေဆိပ်နဲ့ ဗြိတိန်နိုင်ငံက ဟိသ်ရိုးလေဆိပ် အပါအဝင် ဥရောပလေဆိပ် အများအပြားမှာ စက်တင်ဘာ ၂၀ ရက်က လေယာဉ်ပျံသန်းမှု ခရီးစဉ်တွေ နှောင့်နှေးတာနဲ့ ဖျက်သိမ်းတာတွေ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာတဝန်းက လေဆိပ်တွေမှာ လေကြောင်းလိုင်းများစွာအတွက် စနစ်တွေကို ပံ့ပိုးပေးတဲ့ Collins Aerospace လုပ်ငန်းဟာ နည်းပညာပိုင်းဆိုင်ရာ ပြဿနာတရပ်ကို ကြုံတွေ့ခဲ့ရတာပါ။ 

ဒီပြဿနာက ခရီးသည်တွေထွက်ခွာဖို့ နှောင့်နှေးစေတယ်လို့ ဘာလင်လေဆိပ်က  ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောခဲ့ပါတယ်။ ဥရောပတဝန်းမှာ စနစ်ပံ့ပိုးပေးသူရဲ့ နည်းပညာပိုင်းဆိုင်ရာ ပြဿနာကြောင့် ခရီးသည်တွေ စောင့်ဆိုင်းရတဲ့ အချိန်တွေ ပိုကြာနိုင်တယ်လို့ လေဆိပ်က သူတို့ရဲ့ အင်တာနက် စာမျက်နှာပေါ်မှာ အသိပေးခဲ့ပါတယ်။

Collins Aerospace ရဲ့ မိခင်ကုမ္ပဏီက လေဆိပ်တွေမှာသုံးတဲ့  ဆော့ဖ်ဝဲလ်အတွက် ဆိုက်ဘာနဲ့ ဆက်နွှယ်တဲ့ အနှောင့်အယှက်တွေကို သိလာပြီလို့ ပြောခဲ့ပါတယ်။

သက်ရောက်မှုက အီလက်ထရွန်းနစ်စနစ်နဲ့ ရောက်ရှိကြောင်း စာရင်းသွင်းတာနဲ့ ခရီးဆောင်အိတ် အပ်နှံတာအတွက် အခက်အခဲဖြစ်ခဲ့ပြီး လူကိုယ်တိုင်စစ်ဆေးခြင်းအားဖြင့် အဆင်ပြေစေ နိုင်တယ်လို့ RTX က အီးမေးလ်ကနေ ပေးပို့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ပြဿနာကို အမြန်ဆုံးဖြေရှင်းဖို့ လုပ်နေတယ်လို့လည်း ထည့်ပြောပါတယ်။ 

ဂျာမနီနိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ ဖရန့်ဖွှတ် လေဆိပ်မှာ ထိခိုက်မှုမရှိဘူးလို့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။ 

ဇူးရစ်ချ် လေဆိပ်က လုပ်ငန်ထိန်းချုပ်ရေးဌာန တာဝန်ရှိသူတယောက်ကလည်း ထိခိုက်မှုမရှိဘူးလို့ ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013