DVB Logo
Home
မြန်မာသတင်း
မုဒုံမြို့က ပိဋကတ်သုံးပုံမယ်တော်ကြီး စန္ဒာဒေဝီ ဖမ်းဆီးခံရ
DVB
·
September 21, 2025
မုဒုံမြို့က ပိဋကတ်သုံးပုံမယ်တော်ကြီး စန္ဒာဒေဝီ ဖမ်းဆီးခံရ
Donate to DVB

ပလ္လင်ပေါ်တက်ပြီး ထီးဖြူဆောင်း တရားပြခဲ့တဲ့ မုဒုံမြို့နယ်၊ နှီးပဒေါရွာသစ်က ပိဋကတ်သုံးပုံ မယ်တော်ကြီး စန္ဒာဒေဝီကို စက်တင်ဘာ ၂၀ ရက် ညနေ ၄ နာရီမှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ မြို့နယ်သံဃနာယကအဖွဲ့တို့က ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်က သားဖြစ်သူရဲ့ သာသနာပတိပတ် ဖေ့စ်ဘွတ်ခ်အကောင့်ကတဆင့် ထီးဖြူဆောင်းကာ ပလ္လင်ပေါ်မှာထိုင်ပြီး တရားပြနေတဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီးနောက် ဖမ်းဆီးခံခဲ့ရတာလို့ မြိုခံတယောက်က DVB ကို ပြောပါတယ်။

“အဲဒီအမျိုးသမီးရဲ့ ဇာတိ ဘီလူးကျွန်းက၊ ယောကျ်ားရှိတယ်။ သား ၃ ယောက်ရှိတယ်။  လွန်ခဲ့တဲ့အနှစ် ၂၀ ကတည်းက ရေး ချောင်းဖျားဘက်မှာ နာမည်ကြီးတယ်။ အဲဒီလိုပဲ တရားတွေပြ၊ အလှူခံစားတာ။ ရေးကနေ သူ့သားရဲ့လူမှုကိစ္စကြောင့် နှင်ထုတ်ခံရပြီး မုဒုံဘက်ကို ရောက်လာတာ။ အခု သူ တရားပြနေတဲ့သူတွေကလည်း နှီးပဒေါရွာခံတွေ မပါဘူး၊ အခြားနေရာကနေ လာတဲ့သူတွေ။ သူ့ကို စန္ဒာဒေဝီ လို့လည်း ခေါ်သလို ပိဋကတ်သုံးပုံမယ်တော်ကြီးလို့လည်း ခေါ်တယ်။ အခုလို ဖော်ထုတ်ဖမ်းဆီးပေးတဲ့ လမင်းဆရာတော်ကို မြို့ခံတွေရော ရွာခံတွေပါ ကျေးဇူးတင်နေကြတယ်။” 

အဆိုပါအမျိုးသမီးကို မြို့နယ်သံဃနာယကအဖွဲ့ နဲ့ စစ်ကောင်စီလက်အောက်ခံရဲတွေက ဖမ်းဆီးခဲ့ပြီး မုဒုံမြို့မရဲစခန်းမှာ ပုဒ်မ ၂၉၅ နဲ့ ကနဦး အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

စစ်ကောင်စီအနေနဲ့ အခုလအတွင်း သာသနာရေး ညှိုးနွမ်းစေတဲ့ကိစ္စနဲ့ ရန်ကုန်၊ မန္တလေးနဲ့ မုဒုံမြို့တို့မှာ ဒီကနေ့အထိ ဖမ်းဆီးခံရသူ ၇ ဦးရှိလာပြီး သူတို့ကို  ပုဒ်မ ၅၀၅ (က)၊ ပုဒ်မ ၂၉၅ (က) တို့နဲ့ အမှုဖွင့်လှစ်ထားပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၁၆ ရက်က ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' သီးချင်းကို DJ နဲ့ Remix လုပ် တီးခတ်ခဲ့တဲ  DJ-Violet ရဲ့ တောင်းပန်မှုကို ခွင့်လွှတ်ပေးခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ အပါအဝင် ဆရာတော် ၅ ပါးလည်း ခံဝန်ကတိလက်မှတ်ထိုးလိုက်ရပါတယ်။

ဓမ္မတေးလို့ လူသိများတဲ့ ‘ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ' သီးချင်းကို DJ နဲ့ Remix လုပ် တီးခတ်ခဲ့တဲ  DJ - Violet နဲ့ ခွင့်ပြုပေးခဲ့တဲ့ ဆိုင်ပိုင်ရှင် အပါအဝင် ၅ ယောက်ကတော့ စက်တင်ဘာ ၁၄ ရက်ညမှာ ဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013