DVB Logo
Home
မြန်မာသတင်း
တပတ်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၁ ဦးသေဆုံး
DVB
·
September 20, 2025
တပတ်အတွင်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၄၁ ဦးသေဆုံး
Donate to DVB

စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်း တပတ်တာကာလမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှု ၂၂ ခု ရှိခဲ့ပြီး အရပ်သားပြည်သူ ၄၁ ယောက် သေဆုံးခဲ့ရတယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ဒီထုတ်ပြန်ချက်မှာတော့ မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကို ခံစားခဲ့ရတဲ့ မန္တလေးနဲ့ စစ်ကိုင်းဒေသတွေ အပါအဝင် ဒေသ ၈ ခုမှာ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး မန္တလေး၊ တနင်္သာရီနဲ့ မကွေးဒေသတွေမှာ အများဆုံး ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အရ တပတ်အတွင်း စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၄၁ ယောက်သေဆုံးပြီး ၃၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ရခိုင်၊ မန္တလေး၊ ကရင်နီနဲ့ တနင်္သာရီဒေသတွေမှာ ပညာရေးအဆောက်အဦ ၃ ခုနဲ့ ဘာသာရေးအဆောက်အဦ ၃ ခု ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

စစ်အုပ်စုဟာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာမှာ တရုတ်နိုင်ငံထုတ် Y-12 အမျိုးအစား ထောက်ပို့လေယာဉ်တွေ၊ Mi-35 ရဟတ်ယာဉ်တွေ၊ Yak-130၊ SU-30 နဲ့ MIG-29 ဂျက်ဖိုက်တာတွေကို အဓိက အသုံးပြုတိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013