DVB Logo
Home
မြန်မာသတင်း
အမ်း-ပဒါန်းလမ်းပိုင်းတွင် နေ့စဉ် တိုက်ပွဲပြင်းထန်နေ
DVB
·
September 19, 2025
အမ်း-ပဒါန်းလမ်းပိုင်းတွင် နေ့စဉ် တိုက်ပွဲပြင်းထန်နေ
Donate to DVB

ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းကို ချိတ်ဆက်ထားတဲ့ အမ်း-ပဒါန်း လမ်းပိုင်းမှာ စစ်ကောင်စီအနေနဲ့ လူအင်အင်အားဖြည့်တင်းနေပြီး  စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲ နေ့တိုင်းနီးပါး ဖြစ်ပွားနေတယ်လို့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

တော်လှန်ရေးတပ်တွေကလည်း စခန်းသိမ်းတိုက်ပွဲတွေ ဆက်လက် ဆင်နွှဲတာတွေ ရှိတယ်လို့ ကျောင်းသားလက်ရုံးတပ်တော် (SAF) တာဝန်ရှိသူတယောက်က ပြောပါတယ်။

“နတ်ရေကန် အမ်း-ပဒါန်းနဲ့ ပတ်သက်လို့ကတော့ စစ်ကော်မရှင်စစ်ကြောင်းတွေအပြင် ကပစ ကနေပြီးတော့မှ အင်အားတွေ ထပ်ဖြည့်လာပြီး စစ်ကြောင်းထိုးတဲ့ ကိစ္စတွေ။ ထိတွေ့တိုက်ပွဲ ဖြစ်တာတွေ၊ စခန်းသိမ်းတိုက်ပွဲတွေ အဲဒါတွေကတော့ အခုချိန်ထိ ဖြစ်နေတာ ဖြစ်ပါတယ်။”

တဖက်မှာလည်း စစ်ကောင်စီဟာ လက်လွှတ်ဆုံးရှုံးထားရတဲ့ စခန်းတွေကို ပြန်လည်ရယူနိုင်ရေး အရှိန်မြှင့် ထိုးစစ်တွေ လုပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်း ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်သား ၆၀ ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားပါတယ်။

အမ်း-ပဒါန်း လမ်းပိုင်းကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ အပြည့်အဝ ထိန်းချုပ်နိုင်ရင် စစ်ကောင်စီရဲ့ ကပစစက်ရုံတွေဟာ စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်တွေမှာ ပြည်သူ့စစ်တွေ များနေတာကြောင့် သန္ဓေမခိုင် ဖြစ်နေတာကို တွေ့ရတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“တပ်မ ၉၉ နဲ့ စကခ ၁၇ နဲ့ စစ်ဆင်ရေးတာဝန် ပြောင်းကြတယ်။ စစ်ဆင်ရေးတာဝန် လှည့်လည်ထမ်းဆောင်ရင်းနဲ့ စစ်ဆင်ရေးကွင်းအသစ်ကို ရောက်လာတဲ့ စကခ ၁၇ ရဲ့ အဖွဲ့တွေက နယ်မြေရှင်းတဲ့ အနေအထားမျိုးကို သွားတွေ့ရတယ်။ နယ်မြေရှင်းလင်းတဲ့အခါမှာ နတ်ရေကန်မှာ ကမ္ဘာလုံးစခန်းဆိုတာ ရှိတယ်။ ကမ္ဘာလုံးစခန်းကတော့ သူတို့ရဲ့ ပင်မစခန်းဖြစ်တယ်။ အဲဒီစခန်းအထဲမှာ တာဝါတိုင်စခန်းဆိုတာ ရှိတယ်။ အဲဒီတာဝါတိုင်စခန်းက အာရက္ခတပ်တော်နဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားတာ၊ အဲဒီ တာဝါတိုင်စခန်းကို တက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ခုခံစစ်ကနေ တန်ပြန်တွန်းလှန်တဲ့နေရာမှာ တိုက်ပွဲကြီး တိုက်ပွဲငယ်တွေ ဖြစ်ပြီးတော့ ဆုတ်ခွာသွားရတဲ့ အနေအထားမျိုးပါ။ အာရက္ခတပ်တော် (AA) က ကမ္ဘာလုံးစခန်းကို သိမ်းလို့ ပွဲပျက်တာမဟုတ်ဘူး။ သူတို့မှာ သူတို့ တိုက်စစ်တိုက်ရင်းနဲ့ သူ့တပ်က အဖွဲ့တွေက ပစ အဆင့် လူသစ်တွေပဲ များတဲ့အတွက် သန္ဓေမခိုင်တော့ဘဲ စစ်ကြောင်းမှူးအဆင့် ရှိတဲ့သူတွေပါ ထွက်ပြေးနေရတဲ့ အခြေအနေလို့ ပြောလို့ရပါတယ်။”

စစ်ကောင်စီရဲ့ စစ်မှုထမ်းမနေရ ဥပဒေအောက်မှာ ပုံအမျိုးမျိုးနဲ့ အတင်းအဓမ္မ စစ်သား စုဆောင်းတာ၊ စစ်သင်တန်းပေးပြီး ရှေ့တန်းကို စေလွှတ်နေတာ ဖြစ်ပါတယ်။

စစ်သင်တန်းဆင်းလာတဲ့ ရဲဘော်သစ်တွေအနေနဲ့ စောစီးစွာ အလံဖြူထောင်၊ လက်နက်ချ အညံ့ခံရင် အသက်ချမ်းသာရာရမှာ ဖြစ်တာကြောင့် လက်နက်ချ၊ အညံ့ခံလိုပါက အချိန်မရွေး လာရောက်နိုင်တယ်လို့ AA က သတိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013