DVB Logo
Home
မြန်မာသတင်း
စက်တင်ဘာလအတွင်း တိုက်ပွဲများတွင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၃၈၄ ဦး သေဆုံး
DVB
·
October 21, 2026
Photo : NUG
Photo : NUG
Donate to DVB

၂၀၂၆ ခုနှစ် စက်တင်ဘာလပိုင်းအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ စစ်အာဏာရှင်တပ်ဘက်က ၃၈၄ ယောက် သေဆုံးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး၀န်ကြီးဌာနက အောက်တိုဘာ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်တပ်က သေဆုံးသူ ၃၈၄ ယောက်၊ ဒဏ်ရာရရှိသူ ၄၈ ယောက်၊ အရာရှိအဆင့် သေဆုံး၊ ဒဏ်ရာရတာနဲ့ ဖမ်းမိတာ ၂၈ ယောက်၊ ရန်သူစခန်းကို တိုက်ခိုက်မှု ၁၄ ကြိမ်နဲ့ ရန်သူ့စခန်း ၁၀ ကြိမ် သိမ်းပိုက်ရရှိတယ်လို့ ထုတ်ပြန်တဲ့အချက်အလက်မှာ ဖော်ပြပါတယ်။

၂၀၂၄ ဇူလိုင်လမှ ၂၀၂၆ သြဂုတ်လအထိ ၂ နှစ်​ကျော်အတွင်း စစ်အာဏာရှင်တပ်မှာ သေဆုံးသူ အယောက် ၂၀,၀၀၀ ကျော်၊ ဒဏ်ရာရသူ ၁၀,၀၀၀ လောက်၊ ပြည်သူ့ရင်ခွင်ခိုလှုံသူ (အလင်းဝင်သူ) ၃,၈၇၄ ယောက်၊ စစ်အာဏာရှင်တပ်မှာ ထွက်​ပြေးသူ အယောက် ၂၀,၀၀၀ ရှိတယ်လို့ NUG ကာကွယ်​ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အများစုဟာ စစ်မှုထမ်းတပ်သားသစ်​တွေလို့ ဆိုပါတယ်။

လက်ရှိမှာ‌တော့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ယောက် ရှိတယ်လို့ ကာကွယ်ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက်မှာ ​ဖော်ပြထားပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013