DVB Logo
Home
မြန်မာသတင်း
တနင်္သာရီတွင် အမျိုးသမီး ၁ ဦးအား ပုဆိန်ဖြင့် ခုတ်သတ်ငွေယူသွားသည့် တရားခံ ဖမ်းမိ
DVB
·
March 31, 2026
တနင်္သာရီတွင် အမျိုးသမီး ၁ ဦးအား ပုဆိန်ဖြင့် ခုတ်သတ်ငွေယူသွားသည့် တရားခံ ဖမ်းမိ
Donate to DVB

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာမှာ အမျိုးသမီးတယောက်ကို ပုဆိန်နဲ့ခုတ်ပြီး ပိုက်ဆံတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၂၉ ရက် မနက် ၁၀ နာရီလောက်က သိန္ဓောကျေးရွာရှိ နေအိမ်တအိမ်မှာ အမျိုးသမီးတယောက် ပုဆိန်နဲ့ ခုတ်သတ်ခံရပြီး သေဆုံးနေတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အသတ်ခံရတဲ့ အမျိုးသမီးမှာ အသက် ၁၉ နှစ်အရွယ် မကင်းစင်ကျော် ဖြစ်ပြီး သိန္ဓောရွာ ခဲမိုင်းမှာ ဈေးရောင်းနေသူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတယောက်က “အိမ်မှာ တယောက်တည်းရှိနေချိန် ကလေးမကို ဝင်ခုတ်သွားတာပါ။ ခုတ်တဲ့နေရာက လည်ပင်း တချက်တည်းပဲ။ ပိုက်ဆံတွေလည်း ယူသွားသေးတယ်” လို့ ပြောပါတယ်။

စုံစမ်းစစ်ဆေးချက်အရ ကျူးလွန်သူ အသက် ၃၄ နှစ်အရွယ် ကိုကောင်းအောင်ဟိုက် (ခ) ကိုထက်ကို မတ် ၃၀ ရက် နေ့လယ် ၁ နာရီလောက်မှာ ဖမ်းဆီးရမိတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။

တနင်္သာရီမြို့နယ် ပလဖ တာဝန်ရှိသူတယောက်က “အကြွေးကိစ္စနဲ့ ပတ်သက်ပြီး သတ်တာလို့ သိရတယ်။ တရားခံနဲ့အတူ ပိုက်ဆံ ၂၉ သိန်းနဲ့ ကွမ်းသီးထုတဲ့ ပုဆိန်တလက်ပါ တွေ့ရတယ်” လို့ ပြောပါတယ်။

အဆိုပါအမှုနဲ့ပတ်သက်ပြီး ကျူးလွန်တဲ့ တရားခံကို တနင်္သာရီမြို့နယ် ပလဖက မြို့နယ်ပလဖစခန်းရဲ့ ပအမှတ် (၁/၂၀၂၆) ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ထား ပါတယ်။

သိန္ဓောရွာဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေမှာရှိပြီး အဆိုပါအမှုကို တနင်္သာရီမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ တနင်္သာရီမြို့နယ် PDF တို့က ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013