DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်းကျွန်းသား လူငယ်များ စစ်ရေးနှင့် အရေးပေါ်ပြင်ဆင်မှု လေ့ကျင့်သင်ကြား
DVB
·
September 18, 2025
ဂရင်းလန်းကျွန်းသား လူငယ်များ စစ်ရေးနှင့် အရေးပေါ်ပြင်ဆင်မှု လေ့ကျင့်သင်ကြား
Donate to DVB

ဂရင်းလန်းပြည်နယ်က လူငယ်တွေဟာ ဒိန်းမတ်အစိုးရရဲ့ လက်နက်ကိုင်တပ်ဖွဲ့က စီစဉ်ထားတဲ့ ဂရင်းလန်းအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တခုအောက်မှာ စစ်ရေးနဲ့ အရေးပေါ်ပြင်ဆင်မှုတွေကို လေ့ကျင့်သင်ကြားနေပါတယ်။

အာတိတ်အခြေခံလေ့ကျင့်ရေး အစီအစဉ်ကို ၂၀၂၄ ခုနှစ် မေလမှာ စတင်ခဲ့ပြီး ဂရင်းလန်းကျွန်းမှာ နေသူတွေအတွက် သင်တန်းဖွင့်လှစ်ထားတာပါ။

ကျယ်ပြန့်တဲ့ အာတိတ်ကျွန်းပေါ်မှာ ကြိုတင်ပြင်ဆင်ဖို့နဲ့ ခံနိုင်ရည်အားမြှင့်တင်ဖို့ ရည်ရွယ်ထားပါတယ်။

စက်တင်ဘာ ၁၆ ရက်မှာ တပ်သားသစ်တွေဟာ ဂရင်းလန်း အနောက်ပိုင်းက Sisimiut မှာ မီးငြှိမ်းသတ်တဲ့ နည်းပညာတွေကို သင်ယူနေပါတယ်။

၆ လကြာ အစီအစဉ်က စစ်ရေးစွမ်းရည်နဲ့ ကြိုတင်ပြင်ဆင်မှုဆိုင်ရာ ကျွမ်းကျင်မှုတို့ကို လေ့ကျင့်ပေးဖို့ ရည်ရွယ်ထားပါတယ်။

အစီအစဉ်ထဲမှာ လက်နက်သုံးစွဲပုံ၊ ကိုင်တွယ်ပစ်ခတ်ပုံနဲ့ အာတိတ်အခြေအနေအောက်မှာ ရှေးဦးသူနာပြုစုပုံတွေကို လေ့ကျင့်တာတွေ ပါပါတယ်။

လက်ရှိသင်တန်းမှာ အသက် ၁၈ နှစ်ကနေ ၃၂ နှစ်ကြား သင်တန်းသား ၂၈ ယောက် ပါဝင်ပြီး ဒိန်းမတ်စစ်တပ်မှာ ဆက်လေ့ကျင့်မယ်ဆိုရင် အသုံးဝင်မယ့် ကျွမ်းကျင်မှုတွေ ရမယ်လို့ ကွပ်ကဲရေးမှူးက ပြောပါတယ်။

NATO ရဲ့ အာတိတ်အလင်း ၂၀၂၅ စစ်ရေးလေ့ကျင့်မှုကို ဂရင်းလန်းကမ်းရိုးတန်းနားက တခြားနေရာတွေမှာ ဆင်နွှဲနေပါတယ်။

ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်နဲ့ နော်ဝေနိုင်ငံတို့က စစ်သား ၅၅၀ ကျော်က အာတိတ်ဒေသမှာ စစ်ဆင်ရေး အဆင်သင့်ဖြစ်ဖို့ ရည်ရွယ်ပြီး ပါဝင်လေ့ကျင့်နေပါတယ်။

နိုင်ငံတော်နဲ့ နိုင်ငံတကာလုံခြုံရေး အကြောင်းပြချက်တွေနဲ့ ဂရင်းလန်းကျွန်းကို အမေရိကန်က သိမ်းယူချင်တယ်လို့ ပြောခဲ့ပြီး အဲဒီလိုလုပ်ဖို့ အင်အားသုံးရေးကို မငြင်းတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကျွန်းကို အသစ်တဖန် စိတ်ဝင်စားလာပြီးတဲ့နောက် ဂရင်းလန်းရဲ့ ဗျူဟာမြောက် အရေးပါမှုကို ပြတ်ပြတ်သားသား အာရုံစိုက်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013