DVB Logo
Home
နိုင်ငံတကာ
အီးယူ၏ ပထမဆုံးထောက်ပံ့မှု၌  လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ပါဝင်ဟု ဇလန်းစကီး ပြော
DVB
·
September 18, 2025
အီးယူ၏ ပထမဆုံးထောက်ပံ့မှု၌  လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်များ ပါဝင်ဟု ဇလန်းစကီး ပြော
Donate to DVB

အမေရိကန်ပြည်ထောင်စုနဲ့ ယူကရိန်းရဲ့ ဥရောပမဟာမိတ်တွေ သဘောတူညီထားတဲ့ အစီအစဉ်သစ်အရ ပထမဆုံးလက်နက်ထောက်ပံ့မှုတွေမှာ ပက်ထရီယော့ထ် လေကြောင်းရန် ကာကွယ်ရေးစနစ်အတွက် တန်ဖိုးကြီး ဒုံးကျည်တွေနဲ့ ဟိုင်းမာ့စ် ဒုံးပျံလောင်ချာတွေ ပါဝင် လာလိမ့်မယ်လို့ ယူကရိန်းသမ္မတ  ဇလန်စကီးက စက်တင်ဘာ ၁၇ ရက်မှာ ပြောပါတယ်။

ဦးစားပေး ယူကရိန်း လိုအပ်ချက်များစာရင်း (PURL)လို့ ခေါ်တဲ့ NATO ဦးဆောင်တဲ့ ယန္တရားမှတဆင့် အမေရိကန်မှ ထုတ်လုပ်တဲ့ လက်နက်တွေအတွက် ဘဏ္ဍာငွေ ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားပြီးဖြစ်ကြောင်း ဇလန်စကီးက ဆိုပါတယ်။ 

ကတိပြုထားတဲ့ စုစုပေါင်း ရန်ပုံငွေ ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဟာ အောက်တိုဘာလမှာ ပြည့်မီမယ်လို့ မျှော်မှန်းထားကြောင်းလည်း သူက ပြောပါတယ်။ 

ပထမဆုံးနဲ့ပတ်သက်ပြီး ပက်ကေ့ဂျ် တခုစီဟာ ဒေါ်လာသန်း ၅၀၀ တန်တယ်လို့လည်း ဆိုပါတယ်။ 

အမေရိကန်ဒေါ်လာ သန်း ၅၀၀ တန်တဲ့ ပထမအသုတ် ပက်ကေ့ဂျ် ၂ ခုမှာ လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေ ပါဝင်မယ်လို့ ဇလန်စကီးက ကိယိဗ်မြို့မှာ ဥရောပပါလီမန် ဥက္ကဋ္ဌ ရောဘတ်တာ မတ်ဆိုလာနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဥရောပပါလီမန်ဥက္ကဋ္ဌ ရော်ဘာတာ မက်ဆိုလာက “ကျနော်တို့ဟာ အရင်ဆုံးတော့ ပူးပေါင်း ညှိနှိုင်းပြီး အားကောင်းတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကနေတဆင့် ရုရှားစစ်ယန္တရားကို အားပျော့ သွားအောင် ဆက်လက်လုပ်ဆောင်သွားမှာပါ။ တကယ်တော့ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လုပ် နေချိန်မှာပဲ ၁၉ ခုမြောက် ဒဏ်ခတ်ပိတ်ဆို့မှု ပက်ကေ့ချ်ကိုလည်း လုပ်ဆောင်နေပါတယ်” လို့ ပြောပါတယ်။

ယူကရိန်းအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စစ်ရေးနဲ့ သံတမန်ရေးရာ အထောက်အပံ့တွေကို မြှင့်တင်သွားမှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာ မိတ်ဖက်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမိုခိုင်မာစေပြီးတော့ ယူကရိန်းရဲ့ ကိုယ်ပိုင်ထုတ်လုပ်မှုမှာ ရင်းနှီးမြှုပ်နှံသွားမယ် လို့ ပြောပါတယ်။ 

ယူကရိန်းဟာ ရုရှားဒုံးကျည်တွေကို ပစ်ချနိုင်ဖို့ အနောက်နိုင်ငံတွေရဲ့ တာဝေးပစ် လေကြောင်းရန် ကာကွယ်ရေး စနစ်တွေကို မှီခိုနေရတာပါ။ 

အရပ်သားသေဆုံးမှုတွေ မြင့်မားခဲ့တဲ့ ရုရှားရဲ့ တိုက်ခိုက်မှုတွေအပြီးမှာ ကိယက်ဗ်ဟာ နောက်ထပ် ထောက်ပံ့မှုတွေ ပေးဖို့ ပုံမှန်တောင်းဆိုမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ပါတယ်။ 

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013