DVB Logo
Home
အားကစား
ဘိုင်ယန်နှင့်ပွဲတွင် ချဲလ်ဆီးအသင်း ပိုကောင်းသည့်ရလဒ်ထိုက်တန်ဟု  ပါလ်မာပြော
DVB
·
September 18, 2025
ဘိုင်ယန်နှင့်ပွဲတွင် ချဲလ်ဆီးအသင်း ပိုကောင်းသည့်ရလဒ်ထိုက်တန်ဟု  ပါလ်မာပြော
Donate to DVB

ဘိုင်ယန်မြူးနစ်နဲ့ ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာ ပိုကောင်းတဲ့ရလဒ်နဲ့ ချဲလ်ဆီးအသင်း ထိုက်တန်ကြောင်း   ချဲလ်ဆီးကစားသမား ကိုးလ်ပါလ်မာက ပြောသွားပါတယ်။

ကမ္ဘာ့ကလပ်ချန်ပီယံအသင်းဟာ ချန်ပီယံလိဂ်အဖွင့်မှာ ဘိုင်ယန်မြူးနစ်ကို ၃ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ချဲလ်ဆီးအသင်း အကောင်းဆုံးကစားနိုင်ခဲ့ပြီး ပေးလိုက်ရတဲ့ ၄ ဂိုးစလုံးက ကိုယ့်အသင်းက ကစားသမားတွေရဲ့ အမှားတွေကြောင့်ဖြစ်တယ်လို့ ပါလ်မာက ပြောပါတယ်။

ဒီလိုအဆင့်ပြိုင်ပွဲမှာ အမှားလုပ်မယ်ဆိုရင်အမြဲတမ်းခက်ခဲမှာဖြစ်ကြောင်း၊ အခွင့်အရေးတွေရခဲ့ပေမဲ့ ဂိုးအဖြစ် အသုံးမချနိုင်ခဲ့သည့်တိုင် ချဲလ်ဆီးအသင်းက ပိုကောင်းတဲ့ရလဒ်နဲ့ ထိုက်တန်ကြောင်း ပါလ်မာ ကပြောပါတယ်။

ပါလ်မာဟာ ဘိုင်ယန်နဲ့ပွဲက ချဲလ်ဆီးကစားသမားဘ၀ ပွဲ ၁၀၀ ပြည့်မြောက်တဲ့ပွဲဖြစ်ခဲ့ပြီး ချဲလ်ဆီးအတွက် ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး အင်္ဂလန်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

Photo:Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013