
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ် ရွှေဘိုလေးအကွေ့မှာ စက်တင်ဘာ ၁ ရက် ဒီမနက်ပိုင်းက ဆီဘောက်ဆာကားနဲ့ ကွန်တိန်နာတင်တွဲကားတို့ တိုက်မိပြီး မီးလောင်ခဲ့ပါတယ်။
ရန်ကုန်ကနေ မန္တလေးကို မောင်းနှင်လာတဲ့ ဆီဘောက်ဆာကားနဲ့ မန္တလေးကနေ ရန်ကုန်ကို မောင်းနှင်လာတဲ့ ကွန်တိန်နာတင်တွဲကားတို့ မနက် ၅ နာရီ ၄၅ မိနစ်လောက်မှာ တိုက်မိပြီး ဆီဘောက်ဆာကား မီးလောင်ခဲ့တာပါ။
မီးလောင်နေတဲ့ ဆီတွေဟာ အနားမှာရှိတဲ့ ရန်အောင် ဘုန်းကြီးကျောင်းကို စီးဆင်းသွားလို့ ကျောင်းလည်း မီးလောင်ခဲ့ပါတယ်။
တောင်ငူမြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ကား ၂ စီး၊ မီးသတ်ရေသယ်ကား ၂ စီးနဲ့ ငြှိမ်းသတ်ခဲ့ပြီး မနက် ၇ နာရီ မိနစ် ၄၀ မှာ မီးငြိမ်းတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ မနက် ၉ နာရီခွဲကျော်အထိ မီးငြှိမ်းသတ်နေရတုန်းလို့ ဒေသခံတွေကဆိုပြီး ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့လည်း သိရပါတယ်။











