DVB Logo
Home
နိုင်ငံတကာ
WIPO 2025 အညွှန်းကိန်း၌ တရုတ်နိုင်ငံက ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ရပ်တည် 
DVB
·
September 18, 2025
WIPO 2025 အညွှန်းကိန်း၌ တရုတ်နိုင်ငံက ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ရပ်တည် 
Donate to DVB

ကမ္ဘာ့ဉာဏပစ္စည်းမူပိုင်ခွင့်အဖွဲ့ (WIPO) က ၂၀၂၅ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု အညွှန်းကိန်းကို စက်တင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ထိပ်တန်း ၁၀ နိုင်ငံစာရင်းထဲမှာ တရုတ်နိုင်ငံကို ထည့်သွင်း အဆင့်သတ်မှတ်ခဲ့ပါတယ်။ 

ဆွစ်ဇာလန်၊ ဆွီဒင်၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ စင်ကာပူနိုင်ငံတို့က စာရင်းအတွင်း ထိပ်ဆုံး ၅ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ 

တရုတ်၊ အိန္ဒိယနဲ့ တူရကီ ဦးဆောင်တဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ စီးပွားရေးအုပ်စုက အဆင့်တွေ ဆက်ပြီး တက်လာခဲ့တာပါ။ 

ဝင်ငွေနည်းနဲ့ ဝင်ငွေအလယ်အလတ်ရှိတဲ့ စီးပွားရေး ၁၇ နိုင်ငံကတော့ ဖွံ့ဖြိုးတိုးတက်မှု အဆင့်အတွက် မျှော်လင့်ထားတာထက် ကျော်လွန်ပြီး အများစုက ဆာဟာရ အာဖရိကဒေသက နိုင်ငံတွေ ဖြစ်ပါတယ်။ 

စာရင်းအင်းတွေအရ သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမှာ ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုနှုန်းက ၂၀၂၄ ခုနှစ်မှာ ၂  ဒသမ ၉  ရာခိုင်နှုန်းဆီ ကျဆင်းသွားပြီး မနှစ်က ၄ ဒသမ ၄  ရာခိုင်နှုန်း ရှိခဲ့တာပါ။

၂၀၁၀ ဘဏ္ဍာရေးအကျပ်အတည်းနောက်ပိုင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းသွားတာကို ကိန်းဂဏန်း အချက်အလက်တွေက ဖော်ပြထားပါတယ်။ 

WIPO က ၂၀၂၅ မှာ တိုးတက်မှုနှုန်းပို နှေးမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ အကျိုးတူအရင်းအနှီး သဘောတူညီချက်တွေဟာလည်း  ၃ နှစ်ဆက်တိုက် ကျဆင်းသွားပြီး ၄ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားတာပါ။

ရင်းနှီးမြုပ်နှံသူတွေက စက်မှုလုပ်ငန်းနဲ့ နယ်ပယ် နည်းနည်းကလွဲလို့ သတိထားနေကြဆဲ ဖြစ်တာကို ညွှန်ပြနေပါတယ်။ 

WIPO ကမ္ဘာလုံးဆိုင်ရာ ဆန်းသစ်တီထွင်မှု အညွှန်းကိန်းဟာ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၁၄၀  နီးပါးရဲ့ တီထွင်ဆန်းသစ်မှုစွမ်းဆောင်ရည်ကို သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်၊ အကျိုးတူ အရင်းအနှီး လွှဲပြောင်းမှုတွေ၊ နည်းပညာမြင့်တင်ပို့မှုနဲ့ ဉာဏမူပိုင်ခွင့်ဆိုင်ရာ အသုံးချမှုတွေ အပါအဝင် အညွှန်း ၈၀ လောက်ကို သုံးပြီး ဆန်းသစ်တီထွင်မှုစွမ်းဆောင်ရည်ကို အကဲဖြတ်ပါတယ်။ 

အညွှန်းကိန်းဟာ ကမ္ဘာလုံးဆိုင်ရာမူဝါဒချမှတ်သူတွေ စီးပွားရေးခေါင်းဆောင်တွေနဲ့ တခြားသူတွေအတွက် ခိုင်မာတဲ့ ဆန်းသစ်တီထွင်မှုဂေဟစနစ်တွေ တည်ဆောက်ဖို့ အခြေခံအရင်းအမြစ် တခုအဖြစ် ဆောင်ရွက်ပေးပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013