DVB Logo
Home
နိုင်ငံတကာ
ဂရင်းလန်းကမ်းရိုးတန်းတွင် NATO ဦးဆောင်ပြီး စစ်ရေးလေ့ကျင့်
DVB
·
September 17, 2025
ဂရင်းလန်းကမ်းရိုးတန်းတွင် NATO ဦးဆောင်ပြီး စစ်ရေးလေ့ကျင့်
Donate to DVB

မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အာတိတ်အလင်း ၂၀၂၅ စစ်ရေးလေ့ကျင့်မှုကို လက်ရှိမှာ ဂရင်းလန်းကမ်းရိုးတန်းနားမှာ လေ့ကျင့်နေပါတယ်။

ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်နဲ့ နော်ဝေတို့က တပ်ဖွဲ့ဝင် ၅၅၀ ကျော်တို့ဟာ အာတိတ်ဒေသမှာ စစ်ဆင်ရေးဆိုင်ရာ အဆင်သင့်ဖြစ်မှုကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး ၁၀ ရက်ကြာ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။

ဒိန်းမတ်စစ်တပ်တွေ၊ ဂရင်းလန်းအစိုးရနဲ့ ပူးတွဲအာတိတ်စစ်ဌာနချုပ်တို့ဟာ ဒိန်းမတ် ဖရီးဂိတ်စစ်သင်္ဘော HDMS Niels Juel၊ F-16 တိုက်လေယာဉ်တွေ၊ EH-101 ရဟတ်ယာဉ်တွေနဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့တွေပါတဲ့ စစ်ရေးလေ့ကျင့်မှုကို ညှိနှိုင်းဆောင်ရွက်နေပါတယ်။

ပူးတွဲအာတိတ်စစ်ဌာနချုပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆိုရန် အန်ဒါဆန်က စက်တင်ဘာ ၁၅ ရက် စစ်ရေးလေ့ကျင့်မှုအတွင်း “ဒိန်းမတ်ကာကွယ်ရေးမှာ ဒိန်းမတ်နိုင်ငံကို ကာကွယ်ဖို့ တာဝန်ရှိပြီး ဂရင်းလန်းနဲ့ ဖာရိုးကျွန်းစုတွေလည်း ပါဝင်ပါတယ်” လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သူက “ဂရင်းလန်းကို ကာကွယ်ဖို့အတွက် ဂရင်းလန်းမှာ လေ့ကျင့်ရမှာပေါ့” လို့လည်း ပြောပါတယ်။

ပြင်သစ်ဟာ အထောက်ကူပြုရေယာဉ် FS ယာဟုန်ကို ဒရုန်းတွေ၊ တောင်ခြေလျင်တပ်ရင်းတွေနဲ့အတူ ဖြန့်ကြက်ထားပြီး ဂျာမနီကတော့ လေ့လာသူအဖွဲ့တွေကို ပံ့ပိုးပေးနေပါတယ်။

စစ်ရေးလေ့ကျင့်မှုအတွင်း အဓိကလုပ်ဆောင်ချက်တွေက သင်္ဘောတက်ခြင်း၊ အခြေခံအဆောက်အဦ ကာကွယ်ရေး၊ ဒရုန်းတွေ ဖြန့်ကြက်ခြင်း၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ ရေကြောင်းပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတို့ ပါဝင်ပါတယ်။

နိုင်ငံတော်နဲ့ နိုင်ငံတကာ လုံခြုံရေး အကြောင်းပြချက်တွေနဲ့ ဂရင်းလန်းကျွန်းကို အမေရိကန်က သိမ်းယူချင်တယ်လို့ ပြောခဲ့ပြီး အဲလိုလုပ်ဖို့ အင်အားသုံးတာကို မငြင်းထားတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အသစ်ပြန်စိတ်ဝင်စားလာပြီးတဲ့နောက် ဂရင်းလန်းရဲ့ ဗျူဟာမြောက် အရေးပါမှုကို ပြတ်ပြတ်သားသား အာရုံစိုက်လာခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013