DVB Logo
Home
အားကစား
ပဲလေ့နောက်ခံလူ ဂေဟီကို ခေါ်ယူရန် ဥရောပထိပ်သီးအသင်းများ စိတ်ဝင်စား
DVB
·
September 17, 2025
ပဲလေ့နောက်ခံလူ ဂေဟီကို ခေါ်ယူရန် ဥရောပထိပ်သီးအသင်းများ စိတ်ဝင်စား
Donate to DVB

ခရစ္စတယ်ပဲလေ့ နောက်ခံလူ မာ့စ်ဂေဟီကို ခေါ်ယူဖို့ မန်စီးတီး အပါအဝင် ဥရောပထိပ်သီး အသင်းတွေက စိတ်ဝင်စားနေပါတယ်။

ဂေဟီဟာ အခုနှစ်နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ လီဗာပူးဆီ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ ဆေးစစ်ပြီးချိန်ရောက်မှ အစားထိုးစရာ ရှာမရခဲ့တဲ့ ပဲလေ့အသင်းက ပြန်လည်ခေါ်ယူခဲ့တာပါ။

အသက် ၂၅ နှစ်ရှိ ဗဟိုခံစစ်မှူးဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ အဓိကကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေတာကြောင့် လီဗာပူးနဲ့အပြိုင်ခေါ်ယူဖို့ မန်စီးတီး အပါအဝင် ဥရောပ ထိပ်တန်းအသင်းတွေက စိတ်ဝင်စားလာခဲ့တာပါ။

ဂေဟီဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ လာမယ့်နှစ်မှာ အလွတ်ထွက်ခွာခွင့်ရမှာဖြစ်ပြီး ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်နဲ့ ဂျူဗင်တပ်အသင်းတွေကပါ စိတ်ဝင်စားနေကြောင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013