DVB Logo
Home
နိုင်ငံတကာ
Tesla ရှယ်ယာ ဒေါ်လာ ၁ ဘီလီယံဖိုး အီလွန်မတ်စ်ခ် ဝယ်ယူ
DVB
·
September 16, 2025
Tesla ရှယ်ယာ ဒေါ်လာ ၁ ဘီလီယံဖိုး အီလွန်မတ်စ်ခ် ဝယ်ယူ
Donate to DVB

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ်ခ်ဟာ သူ့ကုမ္ပဏီတွေထဲက တခုဖြစ်တဲ့ Tesla ရဲ့ ရှယ်ယာတွေကို အမေရိကန် ဒေါ်လာ ၁ ဘီလီယံဖိုး ဝယ်ယူလိုက်ကြောင်း သိရပါတယ်။

အခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ လျှပ်စစ်ကား ဝယ်ယူမှုအပေါ် အခွန်ကင်းလွတ်ခွင့် အဆုံးသတ်ပြီးနောက် ပြိုင်ဆိုင်မှု ပြင်းထန်လာတာနဲ့အမျှ Tesla ဟာ ရုန်းကန်းနေခဲ့ရတာပါ။

အခုလိုမျိုး မတ်စ်ခ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ Tesla ရှယ်ယာဈေး ၆ ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့ပြီး ဒါဟာ လျှပ်စစ်ကားထုတ်လုပ်တဲ့ ကုမ္ပဏီ အလားအလာအပေါ် ယုံကြည်ကြောင်းပြသခဲ့တာလည်း ဖြစ်ပါတယ်။

မတ်စ်ခ်ဟာ အစုရှယ်ယာ ၁၃ ရာခိုင်နှုန်းနီးပါး ပိုင်ဆိုင်ပြီးသား ဖြစ်ပေမဲ့လည်း ကုမ္ပဏီအပေါ် ထိန်းချုပ်ခွင့် ပိုမိုရရှိဖို့အတွက် ကြိုးပမ်းနေခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာ AI အသိဉာဏ်ရည်တုနဲ့ အလိုအလျောက်စနစ် (Automation) အပါအဝင် ရိုဘော့တက္ကစီ (Robotaxis) တွေမှာပါ ရင်းနှီးမြှုပ်နှံဖို့အတွက် မတ်စ်ခ်အနေနဲ့ တွန်းအားပေး နေပါတယ်။

မကြာသေးခင်ကပဲ Tesla ဘုတ်အဖွဲ့ဟာ မတ်စ်ခ်အတွက် ဒေါ်လာ ၁ ထရီလီယံလောက် တန်ကြေးရှိတဲ့ ကုမ္ပဏီရှယ်ယာ ၁၂ ရာခိုင်နှုန်းအထိ ဆုကြေးပေးအပ်မယ့် အစီအစဉ်တခုကို အဆိုပြုခဲ့ပါတယ်။

တကယ်လို့သာ Tesla သတ်မှတ်ထားတဲ့ ရည်မှန်းချက်အတိုင်း ပြည့်မီအောင် စွမ်းဆောင်နိုင်ခဲ့ရင် မတ်စ်ခ်ဟာ ကမ္ဘာ့ပထမဆုံးသော ထရီလျံနာ တယောက် ဖြစ်လာနိုင်ပါတယ်။

ဒါ့အပြင် မတ်စ်ခ်ကို “ကြားဖြတ်” ဆုချီးမြှင့်တဲ့အနေနဲ့ ဒေါ်လာ ၂၉ ဘီလီယံဖိုး ရှယ်ယာတွေ သီးခြားထပ်ပေးမယ်ဆိုပြီး ဘုတ်အဖွဲ့က ပြီးခဲ့တဲ့လမှာ အတည်ပြုပါတယ်။

ဒါဟာ မတ်စ်ခ်နဲ့ ဘုတ်အဖွဲ့ကြား ဆွေးနွေးမှုရလဒ်ဖြစ်ပြီး ကုမ္ပဏီရှယ်ယာ ၂၅ ရာခိုင်နှုန်းကို တောင်းဆိုထားတဲ့အပြင် Tesla ကနေ အပြီးတိုင် နုတ်ထွက်ဖို့အတွက်ပါ ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မတ်စ်ခ်ဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လာတာနဲ့အမျှ  သူနဲ့တွဲမြင်ကြတဲ့ Tesla ကုမ္ပဏီအပေါ် ထိခိုက်မှုတွေရှိလာကြောင်း ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း ဗြိတိန်နဲ့ ဂျာမနီက လက်ယာစွန်းအဖွဲ့တွေကို မတ်စ်ခ်အနေနဲ့ လှုံ့ဆော်အားပေးတာမျိုး ပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။

Tesla ဘုတ်အဖွဲ့ရဲ့ ဥက္ကဋ္ဌ ရော်ဘန်ဒန်ဟုမ်းကတော့ “ကျမကိုယ်ပိုင်အမြင်ကို ပြောရမယ်ဆိုရင် မတ်စ်ခ်ရဲ့ နိုင်ငံရေးလှုံ့ဆော်မှု စတဲ့​လုပ်ဆောင်ချက်တွေဟာ သူနဲ့ပဲသက်ဆိုင်ပါတယ်” ဆိုပြီး မှတ်ချက်ပြုပါတယ်။

Tesla ရဲ့ နောက်ကွယ်၊ အရှေ့ရော၊ အလယ်မှာပါ သူရှိနေဆဲဖြစ်သလို ဒီအပြောင်းအလဲ ကာလအတွင်း ကုမ္ပဏီအတွက် မှန်ကန်တဲ့စီအီးအိုဖြစ်တယ်လို့လည်း ဖြည့်စွက်ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013