DVB Logo
Home
နိုင်ငံတကာ
TikTok ရောင်းပြီးလျှင်လည်း “တရုတ်လက္ခဏာ” ဆက်ထိန်းခွင့်ရမည်ဟု အမေရိကန်ပြော
DVB
·
September 16, 2025
TikTok ရောင်းပြီးလျှင်လည်း “တရုတ်လက္ခဏာ” ဆက်ထိန်းခွင့်ရမည်ဟု အမေရိကန်ပြော
Donate to DVB

TikTok အရောင်းအဝယ်အတွက် မူဘောင်သဘောတူညီချက် ရပြီဖြစ်ပြီး အက်ပလီကေးရှင်းရဲ့ တချို့သော “တရုတ် ဝိသေသလက္ခဏာ” တွေ ဆက်ထိန်းထားဖို့ကို အမေရိကန်ဘက်က အာမခံထားတယ်လို့ ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်က ပြောပါတယ်။

ဒီကိစ္စကို စက်တင်ဘာ ၁၉ ရက် သောကြာနေ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ တရုတ်သမ္မတ ရှီချင့်ဖျင်တို့ ဖုန်းဆက်သွယ်ပြောဆိုမှုမှာ အတည်ပြုသွားမယ်လို့လည်း နှစ်ဖက်တာဝန်ရှိသူတွေက အတည်ပြုပါတယ်။

သဘောတူညီချက်အတွက် စည်းကမ်းချက်တွေ ညှိတဲ့အခါ TikTok ရဲ့ ယဉ်ကျေးမှုရှုထောင့်ကို ထိန်းသိမ်းဖို့ တရုတ်ညှိနှိုင်းရေးမှူးတွေက အလေးပေးခဲ့တယ်လို့ ဆိုပါတယ်။

“ဒီအက်ပလီကေးရှင်းရဲ့ တရုတ်ဝိသေသလက္ခဏာတွေဟာ Soft Power လို့ သူတို့ဘက်က ယူဆပါတယ်။ ကျုပ်တို့ကကျတော့ တရုတ်ဝိသေသတွေ ဘာတွေ ဂရုမစိုက်ဘူး။ အမျိုးသားလုံခြုံရေးပဲ ဂရုစိုက်တာ” လို့ ဘတ်ဆန့်က ပြောပါတယ်။

တရုတ်က အစုရှယ်ယာဆက်ပါခွင့် ရမှာလား ဆိုတဲ့ မေးခွန်းကို ထရမ့်ပ်ကတော့ သောကြာနေ့ ရှီနဲ့ ပြောပြီးမှ အတည်ပြုနိုင်မယ်လို့ တုံ့ပြန်ထားပါတယ်။

TikTok အရောင်းအဝယ်ကိစ္စဟာ ကမ္ဘာ့နံပါတ်တစ်နဲ့ နံပါတ်နှစ် စီးပွားရေးအင်အားကြီး နှစ်နိုင်ငံ ကုန်သွယ်ရေးဆွေးနွေးမှုမှာ ရှားရှားပါးပါး သဘောတူညီမှုရတဲ့ကိစ္စ ဖြစ်လာပါတယ်။

အမေရိကန်မှာ သုံးစွဲသူ သန်း ၁၇၀ လောက်ရှိတဲ့ TikTok အက်ပလီကေးရှင်းကို တရုတ်က မရောင်းရင် စက်တင်ဘာ ၁၇ ရက်မှာ အမေရိကန်မှာ သုံးစွဲခွင့်ပိတ်ရတော့မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အရောင်းအဝယ်မဖြစ်ခင် နောက်ထပ် ရက် ၉၀ သက်တမ်းထပ်တိုးပေးနိုင်ခြေရှိတယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က ပြောပါတယ်။

အမေရိကန်သုံးစွဲသူတွေရဲ့ ဒေတာတွေကို တရုတ်အစိုးရက ရယူသုံးစွဲပြီး သူလျှိုလုပ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် TikTok ကို ရောင်းချဖို့ ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

သမ္မတထရမ့်ပ် ကိုယ်တိုင်ကလည်း TikTok ဟာ သူ့ကို ရွေးကောက်ပွဲနိုင်အောင် ကူညီခဲ့တယ်လို့ ပြောကြားခဲ့ဖူးပြီး သူ့ရဲ့ TikTok အကောင့်မှာ Follower ၁၅ သန်း ရှိနေပါတယ်။

အိမ်ဖြူတော်ကလည်း တရားဝင် TikTok အကောင့်ကို ပြီးခဲ့တဲ့လကပဲ ဖွင့်လှစ်ခဲ့ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013