DVB Logo
Home
Lead Story
စစ်တပ်လော်ဘီ ပေါက်ကိုယ်တော်နှင့် မဘသကိုယ်တော် ဦးသုစိတ္တတို့၏ Tiktok အကောင့် ဖယ်ရှားခံရ
DVB
·
September 18, 2026
Photo: တယ်လီဂရမ်
Photo: တယ်လီဂရမ်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ နေ့စဉ်ကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး စစ်တပ်လော်ဘီလုပ်နေတဲ့ ပျူခေါင်းဆောင် ပေါက်ကိုယ်တော်နဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အမည်ခံ မဘသကိုယ်တော် ဦးသုစိတ္တတို့ရဲ့ Tiktok အကောင့်တွေ ဖယ်ရှားခံလိုက်ရပါတယ်။

ဒီကိုယ်တော်နှစ်ပါးစလုံးဟာ ဘာသာရေးနဲ့ အမျိုးသားရေး အစွန်းရောက်တဲ့ အယူအဆတွေရှိပြီး ဦးသုစိတ္တဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မန္တလေးမြို့က မြို့မဈေးဗလီ ချိပ်ပိတ်ခံရအောင် အဓိက လှုံ့ဆော်ခဲ့သူ ဖြစ်ပါတယ်။

မြို့မဈေးဗလီ ချိပ်ပိတ်ခံရအောင် လုပ်ဆောင်ခဲ့မှုတွေကို သူ့ရဲ့ Tiktok အကောင့်မှာ ဆက်တိုက်တင်ပြီးတဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ Tiktok က သူ့ရဲ့အကောင့်ကို ဖယ်ရှားပစ်ခဲ့တာ ဖြစ်ပါတယ်။

သူတို့ရဲ့အကောင့်တွေ ဖယ်ရှားခံရတာနဲ့ ပတ်သက်လို့ ဦးသုစိတ္တက ထပ်မံဖွင့်လိုက်တဲ့ အကောင့်သစ်ကနေ “ဘုန်းဘုန်းတပါးတည်း မဟုတ်ပါဘူး။ ဘုန်းဘုန်းသူငယ်ချင်း ပေါက်ကိုယ်တော် အရှင်ဝိရိယာဝံသရဲ့အကောင့် သူက မနက်ပျက်၊ ကိုယ်က ညနေပျက်၊ သူက လွန်ခဲ့တဲ့ တနာရီဆို ကိုယ်ကနောက် နာရီဝက်ဆိုပျက်။ ဘုန်းဘုန်းတို့ရဲ့ အကောင့်တွေကို သီးသန့်များ group တွေဖွဲ့၊ reoprt တွေ တင်နေကြတာလား။ ဝိုင်းထုနေကြတာလားပေါ့နော်” လို့ ပြောပါတယ်။

အလားတူ စစ်တပ်လော်ဘီ ပျူခေါင်းဆောင် ပေါက်ကိုယ်တော်လည်း သူ့ရဲ့ Tiktok အကောင့်မှာ စစ်တပ်ကောင်းကြောင်းတွေကို အသားပေးပြောဆိုလေ့ရှိပြီး ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မန္တလေး ပျူစောထီးတွေရဲ့ စည်းကမ်းမဲ့ ရမ်းကားနေမှုတွေကို ဝေဖန်ခဲ့တာ တွေ့ရပါတယ်။

ဒါ့အပြင် ဇာတ်မင်းသား စမ်းရေမိုးနဲ့ ဇာတ်ဆရာ အောင်ကျော်ထွန်းတို့ကို ဘာသာရေးနဲ့ ပတ်သက်ပြီး ပြစ်တင်ဝေဖန်မှုတွေ လုပ်ခဲ့တဲ့အပြင် ဇာတ်ဆရာ အောင်ကျော်ထွန်းကို တရားစွဲမယ်လို့ သူ့ရဲ့ Tiktok ကနေ ပြောဆိုခဲ့ပါသေးတယ်။

အဲဒီလို ပြစ်တင်ပြောဆိုပြီး နောက်တနေ့မှာပဲ ပေါက်ကိုယ်တော်ရဲ့ အကောင့်ကို Tiktok ကနေ ဖယ်ရှားလိုက်တာကြောင့် အကောင့်သစ် ပြန်ဖွင့်ခဲ့ပေမဲ့ ထပ်ဖွင့်တဲ့ ပေါက်ကိုယ်တော် အကောင့်ကိုပါ မတွေ့ရတော့ဘဲ ဖယ်ရှားခံလိုက်ရတယ်လို့ သိရပါတယ်။

အကောင့်ဖျက်ခံရတာနဲ့ ပတ်သက်ပြီး ပေါက်ကိုယ်တော်က “ပေါက်ကိုယ်တော်ရဲ့အမည်နဲ့ ပေါက်ကိုယ်တော်ရဲ့ အကောင့်တွေက လုံးဝ လုံးဝ သုံးမရတဲ့အတွက်ကြောင့် မောင်မြင့်ချို ကျောင်းလာကန်တော့တဲ့ အချိန်မှာ သူ့အကောင့်လေးက တော်တော်မာတယ်၊ ခိုင်တယ်ဆိုလို့ သုံးကြည့်တာပါ” လို့ မန္တလေးက ပျူစောထီးခေါင်းဆောင် ချိုကြီးရဲ့ Tiktok အကောင့်ကနေ ပြောထားတာ တွေ့ရပါတယ်။

လက်ရှိမှာ ပေါက်ကိုယ်တော်ဟာ လူမှန်အမည်နဲ့ Tiktok အကောင့်တခုကို စက်တင်ဘာ ၁၇ ရက်က ထပ်ဖွင့်ထားတာ တွေ့ရပြီး ရုပ်သံဖိုင်တချို့ တင်ထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013