DVB Logo
Home
မြန်မာသတင်း
မဲဆောက်ရောက် မြန်မာမိသားစုဝင် ၁၀၀ စာအတွက် ဟင်းသီးဟင်းရွက်များ လှူဒါန်း
DVB
·
September 15, 2025
မဲဆောက်ရောက် မြန်မာမိသားစုဝင် ၁၀၀ စာအတွက် ဟင်းသီးဟင်းရွက်များ လှူဒါန်း
1 / 6
Donate to DVB

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မြန်မာပြည်သားများအရေး ပူးတွဲကော်မတီ (JACBA) အဖွဲ့ တည်ထောင်ခြင်း ၂၁ နှစ်ပြည့် အနေနဲ့ စားဝတ်နေရေး အဆင်မပြေတဲ့ မိသားစုဝင် လူဦးရေ ၁၀၀ စာအတွက် ဟင်းသီးဟင်းရွက်များ လိုက်လံလှူဒါန်းခဲ့တယ်လို့ JACBA အဖွဲ့ ဆီက သိရပါတယ်။

ခရမ်းကျွပ်သီး၊ ပဲတောင့်ရှည်သီး၊ ဂေါ်ဖီထုပ်နဲ့ မုန်ညင်းထုပ်တွေကို စားဝတ်နေရေး အဆင်မပြေကြတဲ့ မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေရဲ့ အိမ်ကို အိမ်တိုင်ရာရောက် လိုက်လံ လှူဒါန်းပေးခဲ့ကြောင်း သိရပါတယ်။

မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ စတင်တည်ထောင်သူ ဦးမိုးကြိုးက “စက်တင်ဘာ ၁၄ ရက်နေ့က JACBA တည်ထောင်တာ ၂၁ နှစ်ပြည့် အထိမ်းအမှတ်ဖြစ်လို့ မြန်မာပြည်က အကြောင်းအမျိုးမျိုးကြောင့် ရောက်လာကြတဲ့ စားဝတ်နေရေး ခက်ခဲနေကြတဲ့ မိသားစုဝင်တွေရဲ့ နေအိမ်တွေကို ဟင်းသီးဟင်းရွက်တွေ လိုက်လံဝေငှပေးခဲ့တာပါ” လို့ ပြောပါတယ်။

စက်တင်ဘာ ၇ ရက်ကလည်း JACBA အဖွဲ့တည်ထောင်ခြင်း ၂၁ နှစ်ပြည့် အကြို မဲဆောက်မြို့မှာရှိတဲ့ မယ်တော်ဆေးခန်းမှာ ဇီဝိတဒါနအဖြစ် သွေးလှူဒါန်းခဲ့သေးတယ်လို့ ဆိုပါတယ်။

မြန်မာပြည်သားများအရေး ပူတွဲလှုပ်ရှားမှုကော်မတီ (JACBA) အဖွဲ့ဟာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများအရေးသာမက အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ ရောက်လာကြတဲ့ မိသားစုဝင်တွေရဲ့ ပညာရေးတွေကိုပါ ထိုင်းနိုင်ငံ ပညာရေးဌာနတွေနဲ့ ပူးပေါင်းကူညီပေးနေတာဖြစ်ကြောင်း ထိုင်းရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013