DVB Logo
Home
မြန်မာသတင်း
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲ တိုကျိုမြို့၌ ကျင်းပ (ဓာတ်ပုံ) 
DVB
·
September 15, 2025
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပွဲ တိုကျိုမြို့၌ ကျင်းပ (ဓာတ်ပုံ) 
1 / 7
Donate to DVB

မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အသံကို ကိုယ်စားပြုနေတဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ကုလသမဂ္ဂမှာ ဆက်လက် ခန့်အပ်ပေးဖို့အတွက် ထောက်ခံပွဲကို တိုကျိုမြို့ရှိ လူစည်ကားရာ ရှီဘေယဘူတာရှေ့မှာ စက်တင်ဘ ၁၄ ရက်က ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ပြုလုပ်ခဲ့ကြပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်တပ် မတရားအာဏာစသိမ်းစဉ် အချိန်ကတည်းက မြန်မာပြည်သူတွေဘက်က ရပ်တည်ခဲ့ပြီး အခုထိလည်း မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့အသံ အစစ်အမှန်တွေကို ကိုယ်စားပြုနေတဲ့အတွက် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်ခန့်အပ်ပေးဖို့  စက်တင်ဘာ ၉ ရက်က ဂျပန်နိုင်ငံရှိ ကုလသမဂ္ဂရုံးတာဝန်ခံထံ တောင်းဆိုစာကိုပေးအပ်ခဲ့ပြီး ဒီနေ့ကလည်း လူအရမ်းလူစည်ကားတဲ့ တိုကျိုမြို့က ဘူတာရှေ့မှာ လာရောက် ထောက်ခံပွဲလုပ်ကြတာလို့  ဒီဆန္ဒပြပွဲစီစဉ်သူ တယောက်ဖြစ်တဲ့ ကိုသန့်ဇော်ထက်က ပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သား အစိုးရလက်ထက်မှာ ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အာဏာရှင်ဆန့်ကျင်တဲ့ ပြည်သူတွေဘက်က မားမားမတ်မတ်ရပ်တည်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ လက် ၃ ချောင်းထောင်ကာ နွေဦးတော်လှန်ရေးရဲ့ နိုင်ငံတကာမျက်နှာစာမှာ ရှေ့တန်းကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ ကျင်းပနေတဲ့ အကြိမ် ၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပါတယ်။

သံအမတ်ကြီးဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ရာထူးတာဝန်ဆက်လက်ရယူနိုင်ရေး ထောက်ခံပွဲတွေကို နိုင်ငံတကာရောက် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက သက်ဆိုင်ရာ နိုင်ငံအသီးသီးမှာ ပြုလုပ်နေကြပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013