DVB Logo
Home
အားကစား
မက်ဒရစ် စက်ဘီးစီးပြိုင်ပွဲ၌ ပါလက်စတိုင်းထောက်ခံသူများ ဆန္ဒပြ
DVB
·
September 15, 2025
မက်ဒရစ် စက်ဘီးစီးပြိုင်ပွဲ၌ ပါလက်စတိုင်းထောက်ခံသူများ ဆန္ဒပြ
Donate to DVB

စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ စက်တင်ဘာ ၁၄ ရက်က ကျင်းပခဲ့တဲ့ La Vuelta စက်ဘီးစီးပြိုင်ပွဲမှာ ဒါဇင်နဲ့ချီတဲ့ ပါလက်စတိုင်း ထောက်ခံသူတွေက ပွဲတော်အတွင်း စပွန်ဆာကုမ္ပဏီတခုဖြစ်တဲ့ အစ္စရေး ပရီမီယာ တက်ချ် (Israel-Premiere Tech) ကုမ္ပဏီကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

မက်ဒရစ်မှာ နောက်ဆုံး အဆင့် ၂ ဆင့်မှာ ပြီးဆုံးတော့မယ့် ဒီပြိုင်ပွဲအတွင်း ပြိုင်ပွဲဝင်သူတွေဟာ အလားတူ ဆန္ဒပြမှုမျိုးများစွာနဲ့ ကြုံခဲ့ရလို့ အာဏာပိုင်တွေက လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့ရပါတယ်။

အားကစားပြိုင်ပွဲမှာ “လူမျိုးတုံးသတ်ဖြတ်မှု” ကို ကိုယ်စားပြုတဲ့ အဖွဲ့တဖွဲ့ ထားရှိတာဟာ လက်ခံနိုင်စရာမရှိကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်က ကျင်းပခဲ့တဲ့ ပွဲစဉ်မှာလည်း သတ်မှတ်ထားတဲ့ ၂၇ ဒသမ ၁ ကီလိုမီတာအစား ၁၂ ဒသမ ၂ ကီလိုမီတာ လမ်းကြောင်းကို ပွဲစီစဉ်သူတွေက ပြောင်းလဲ ကျင်းပခဲ့ရပါတယ်။

ဘီဘာအိုမှာ အဆင့် ၁၁ ပြိုင်ပွဲကို ဆန္ဒပြသူတွေက လမ်းပိတ်ဆို့ ဆန္ဒပြခဲ့လို့ ၃ ကီလိုမီတာနဲ့ ပြိုင်ပွဲ ရပ်တန့်ခဲ့ရပြီး အဆင့် ၁၆ ရဲ့ အဆုံးသတ် သတ်မှတ်နေရာကိုလည်း ပြောင်းလဲခဲ့ရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013