
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ဆန္ဒပြသူတွေဟာ မိုးသည်းတဲ့ကြားထဲက မြို့တော်ခန်းမဆီ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
စပိန်နိုင်ငံတဝန်း ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပြီး အိမ်ရာစနစ်တွေ ပိုကောင်မွန်အောင် တောင်းဆို နေတာပါ။
နိုဝင်ဘာ ၁၁ ရက် ကလည်း စပိန်အလုပ်သမား ၄ သန်း အထွေထွေသပိတ်မှာ ပါဝင်ခဲ့ပါတယ်။ သမဂ္ဂတွေကလည်း အထွေထွေရွေးကောက်ပွဲမတိုင်မီ နိုင်ငံရဲ့ အိမ်ရာပြဿနာအကျပ်အတည်းကို ဆန့်ကျင်တဲ့ ဆန္ဒပြ သပိတ်စခန်းတွေ ပြင်ဆင်ခဲ့ပါတယ်။
စပိန်တနိုင်ငံလုံးမှာ အိမ်ရာပြဿနာနဲ့ပတ်သက်ပြီး အထွေထွေသပိတ် ပေါ်ပေါက်တာက ၂၀၁၂ ခုနှစ် က ယူရိုကြွေးမြီအကျပ်အတည်းဆန္ဒပြမှုတွေ နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
လက်ရှိဆန္ဒပြပွဲတွေကို စပိန်နိုင်ငံရဲ့ အကြီးဆုံးသမဂ္ဂတွေဖြစ်တဲ့ UGT နဲ့ CCOO တို့က ဦးဆောင် နေတာ ဖြစ်ဖြစ်ပြီး အဲ့ဒီ သမဂ္ဂတွေမှာ အလုပ်သမား သန်းကျော်ရှိပါတယ်။
စပိန်နိုင်ငံမှာ အိမ်ငှားရမ်းခတွေ ဈေးနှုန်းမြင့်တက်နေပြီး နှင်ထုတ်တာမျိုးတွေလုပ်တာကြောင့် စပိန် ပြည်သူတွေက ဒေါသထွက်ကာ ဆန္ဒဖော်ထုတ်တာ ဖြစ်ပါတယ်။
စပိန်ရွေးကောက်ပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့ ကျင်းပမှာ ဖြစ်ပြီး ဆန္ဒပြသူတွေရဲ့ မကျေမနပ် ဖြစ်မှုတွေကို ရွေးကောက်ပွဲကာလပြီးရင် ထိန်းသိမ်းနိုင်မယ်လို့ စပိန်ဝန်ကြီးချုပ်က မျှော်လင့် နေပါတယ်။
သမဂ္ဂတွေကတော့ ဆန္ဒပြမှုတွေက စပိန်တနိုင်ငံလုံးမှာ ညီညီညာညာ လုပ်ဆောင်တာ မဟုတ်ပေမဲ့ ဆန္ဒပြပွဲအောင်မြင်တယ်လို့ ဆိုပါတယ်။
စပိန်နိုင်ငံမှာ အိမ်ရာလိုအပ်ချက်က အိမ်အရေအတွက် ၇၅၀,၀၀၀ ရှိပြီး ၂၀၂၈ ခုနှစ်မှာ သန်းချီ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
စပိန်နိုင်ငံမှာ ပျမ်းမျှအိမ်ငှားခ ဒေါ်လာ ၁,၃၁၅ အထိရှိပြီး လူငယ် ၁ ယောက်ရဲ့ ပျမ်းမျှလစာနဲ့ ညီမျှနေပါတယ်။
မက်ဒရစ်မြို့မှာ အသက် ၈၇ နှစ်အရွယ် အဘွားအိုတယောက် အိမ်ပေါ်ကနေ နှင်ချခံရပြီးနောက် အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
Source: Reuters











