DVB Logo
Home
မြန်မာသတင်း
သာပေါင်း ခလရ ၃၀၈ တပ်မှ တပ်သား ၄ ဦး ထွက်ပြေး
DVB
·
September 14, 2025
သာပေါင်း ခလရ ၃၀၈ တပ်မှ တပ်သား ၄ ဦး ထွက်ပြေး
Donate to DVB

ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ် ခြေလျင်တပ်ရင်း (ခလရ) ၃၀၈ တပ်ကနေ စစ်ကောင်စီ တပ်သား ၄ ယောက် စက်တင်ဘာ ၁၃ ရက် မနေ့က ထွက်ပြေးသွားတယ်လို့ သာပေါင်းအခြေစိုက် ခလရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။

ရခိုင်ပြည်နယ်နဲ့ နီးစပ်တဲ့ တိုက်ပွဲဖြစ်နေတဲ့ဒေသ လေးမျက်နှာမြို့နယ်ကို စစ်အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေချိန် တပ်သား ၄ ယောက်ဟာ အပေါ့သွားဟန်ဆောင်ပြီး ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

သာပေါင်းအခြေစိုက်ခလရ ၃၀၈ တပ်ရင်းနဲ့ နီးစပ်သူက “ည ၈ နာရီကျော်ကျော်လောက်ကနေ ထွက်ပြေးသွားတာလို့ သိရတယ်။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေက အရင်တပ်သားတွေလား၊ စစ်မှုထမ်းလူငယ်တွေလားတော့ မသိသေးဘူး။ အစောင့်အရာရှိတွေက အရက်မူးနေချိန် ပြေးလို့ကောင်းတာ” လို့ ပြောပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားတွေကို ခလရ ၃၀၈ တပ်ရင်းက ဗိုလ်မှူး သန်းနိုင်နဲ့အဖွဲ့က ပိုက်စိပ်တိုက် လိုက်လံရှာဖွေနေပြီး စက်တင်ဘာ ၁၄ ရက် နေ့လယ်ပိုင်းအထိ ပြန်မဖမ်းမိသေးဘူးလို့ သိရပါတယ်။

တပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က “ထွက်ပြေးတဲ့ တပ်သားတွေက စစ်မှုထမ်းလူငယ်တွေပဲ ဖြစ်ပါလိမ့်မယ်။ ဘာလို့ဆို ခလရ ၃၀၈ တပ်ရင်းထဲမှာက စစ်သားအင်အား အများကြီးရှိတာ မဟုတ်ဘူး။ စစ်တိုက် မထွက်ရဖို့ ပြေးတာပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်အရာရှိတွေဦးဆောင်ကာ လေးမျက်နှာမြို့နယ်ထဲကို စစ်ကူသွားဖို့ စစ်ကားတွေနဲ့ ပြင်ဆင်နေချိန် ထွက်ပြေးသွားတာလို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတာနဲ့ ပတ်သက်လို့ အပူတပြင်း လိုက်လံရှာဖွေတာအပြင် စစ်ဆေးရေးဂိတ်တွေကို သတင်းပို့ထားတယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူဆီကနေ သိရပါတယ်။

စက်တင်ဘာလ ပထမ အပတ်ကလည်း ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်က စစ်ကောင်စီတပ် ခလရ ၃၀၈ တပ်ရင်းအနီး ကာကင်းစခန်းကနေ စစ်ကောင်စီတပ်သား ၄ ယောက် ထွက်ပြေးသွားသေးတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013