DVB Logo
Home
မြန်မာသတင်း
လယ်ဝေးတွင် မှတ်ပုံတင်အတွက် ငွေကြေးမတရားတောင်းခံနေသဖြင့် တိုင်ကြား
DVB
·
September 14, 2025
လယ်ဝေးတွင် မှတ်ပုံတင်အတွက် ငွေကြေးမတရားတောင်းခံနေသဖြင့် တိုင်ကြား
Donate to DVB

မှတ်ပုံတင်တခုလုပ်ရင် ငွေ ၁၀၀ ကျပ်ပဲကုန်မယ်လို့ ကြေညာထားတဲ့ လယ်ဝေးမြို့နယ်မှာ လဝကဦးစီးမှူးရုံးက မှတ်ပုံတင် အဟောင်းလဲလှယ်၊ ပျောက်ဆုံး ပြန်လျှောက်သူတွေကို ငွေကြေး မတရားတောင်းခံနေတာကြောင့် ပေးရတဲ့သူတွေစုပြီး တိုင်ကြားထားတယ်လို့ မြို့ခံတွေက DVB ကို ပြောပါတယ်။

မြို့ခံတယောက်က “ဝန်ကြီးက လယ်ဝေး လာတုန်းက မှတ်ပုံတင်လုပ်ရင် ဥပဒေအရ အသစ်လုပ်ရင် ၆ ကျပ်၊ ပျောက်ဆုံးပျက်စီးပြန်လျှောက်ရင် ၁၀ ပဲရှိတာ အခုကာလနှုန်းထားအရ ၁၀၀ ပဲကုန်မယ်၊ အခြားကုန်ကျစရိတ်ရှိရင် တိုင်ဆိုပြီး ပြောသွားတယ်။ လယ်ဝေးမှာ မှတ်ပုံတင်တခုကို ၂၆,၀၀၀ ကနေ ၄၁,၀၀၀ အထိ ပေးရလို့ စုပြီးတိုင်ကြတာ” လို့ ပြောပါတယ်။

မှတ်ပုံတင်ပြုလုပ်ရာမှာ ကုန်ကျငွေကို လယ်ဝေးမြို့နယ် လဝက ဦးစီးမှူးရုံးက လူအနေအထားကြည့် တောင်းတာဖြစ်ပြီး ပေးရငွေက တယောက်နဲ့တယောက် မတူညီကြောင်း ကုန်းသာကျေးရွာနေသူတယောက်က DVB ကို ပြောပါတယ်။

“ကုန်းသာရွာက ၃၈,၀၀၀ ပေးရတယ်၊ နောက်တယောက်က ၂၆,၀၀၀ ပေးရတယ်၊ သစ်ဆိမ့်ပင်ရွာက လူတွေကျတော့ ၅၀,၀၀၀ ပေးရတယ်၊ ရှမ်းစုရွာမှာတော့ ၉၀,၀၀၀၊ ၁၀၀,၀၀၀ ပေးရတဲ့သူတောင်ရှိတယ်။”

ပြီးခဲ့တဲ့ သြဂုတ်လက ပြုလုပ်တဲ့ ဝန်ထမ်းရေးရာ အစည်းအဝေးမှာ  လဝက ဝန်ထမ်းအပါအဝင် ဌာနဆိုင်ရာဝန်ထမ်းတွေ ငွေကြေးတောင်းခံပါက တိုင်ကြားနိုင်ပြီး မှန်ကန်မှုရှိပါက  နိုင်ငံ့ဝန်ထမ်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်ဥက္ကဋ္ဌက ပြောဆိုထားတာလည်း ရှိပါတယ်။

မှတ်ပုံတင်ပြုလုပ်ရာမှာ ငွေကြေးတောင်းခံမှုတွေက နေပြည်တော်တခုတည်း ဖြစ်နေတာမဟုတ်ဘဲ မြန်မာနိုင်ငံတဝန်းရှိ လဝကရုံးတိုင်းမှာ ငွေကြေးတောင်းခံနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013