DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်းအရေးအတွက် ၂ နိုင်ငံ ဖြေရှင်းနည်းကို ကုလသမဂ္ဂ ထောက်ခံ
DVB
·
September 14, 2025
ပါလက်စတိုင်းအရေးအတွက် ၂ နိုင်ငံ ဖြေရှင်းနည်းကို ကုလသမဂ္ဂ ထောက်ခံ
Donate to DVB

ပါလက်စတိုင်းနိုင်ငံ ငြိမ်းချမ်းရေးအတွက်  ၂ နိုင်ငံဖြေရှင်းနည်းကို ကုလသမဂ္ဂက ထောက်ခံကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒူဂျာရစ်က ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်က နယူးယောက်ခ်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒူဂျာရစ်က ပြောခဲ့တာဖြစ်ပြီး အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးရဲ့ တရားမဝင် အဆောက်အအုံတွေ တည်ဆောက်မယ့် အစီအစဉ်ကို ဆန့်ကျင်ကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါတယ်။

ပါလက်စတိုင်းပြဿနာအတွက် ၂ နိုင်ငံဖြေရှင်းနည်းအဆိုကို နိုင်ငံပေါင်း ၁၄၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ပြီး ၁၀ နိုင်ငံက ဆန့်ကျင်ခဲ့ကာ ၁၂ နိုင်ငံက မဲမပေးခဲ့ပါဘူး။ 

နယူးယော့ခ်ကြေညာချက်ကို ဇူလိုင်လက ပြုလုပ်ခဲ့တဲ့ အစ္စရေး-ပါလက်စတိုင်း အကျပ်အတည်းနဲ့ပတ်သက်တဲ့ ဖြေရှင်းနည်းတွေကို နိုင်ငံတကာ ထိပ်သီးအစည်းအဝေးပွဲမှာ အဆိုတင်သွင်းပြီး မဲခွဲဆုံးဖြတ်ခဲ့တာပါ။ 

ဒူဂျာရစ်က  “အတွင်းရေးမှူးချုပ်ကလည်း ၂ နိုင်ငံ ဖြေရှင်းနည်းကို ပြတ်ပြတ်သားသား ထောက်ခံပါတယ်။ ၂ နိုင်ငံ ဖြေရှင်းနည်းက အောင်မြင်မှုတွေရနိုင်ပြီး တကယ့်မျှော်လင့်ချက်ဖြစ်တာကြောင့် ဒီမျှော်လင့်ချက်ကို ကျနော်တို့ ဆုံးရှုံးခံလို့မရပါဘူး”လို့  ပြောပါတယ်။

ပါလက်စတိုင်းနိုင်ငံ ထူထောင်မယ်ဆိုတာနဲ့ ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ပါလက်စတိုင်းနိုင်ငံဆိုတာ ဘယ်တော့မှမရှိဘူးလို့ ပြောထားပါတယ်။  ဒါ့အပြင် အနောက်ဘက်ကမ်းမှာ အဆောက်အအုံတွေ အမြန်ဆောက်ဖို့ အစီအစဉ်ကို နေတန်ယာဟုက လက်မှတ်ထိုးခဲ့ပါတယ်။

အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာ အငြင်းပွားဖွယ် E1 အစီအစဉ်ကို လုပ်ဆောင် နေတာဖြစ်ပါတယ်။

E1 ဧရိယာဟာ ဂျေရုစလင်နဲ့ မအာလေအဒူမင်တို့အကြား ဆက်သွယ်တဲ့နေရာဖြစ်ပြီး အဲ့ဒီနေရာမှာ အဆောက်အအုံတွေ ဆောက်မယ်ဆိုရင်  အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းနဲ့ အရှေ့ဂျေရုစလင်ကို ဒီအဆောက်အအုံတွေက ဖြတ်တောက်ထားမှာဖြစ်ပါတယ်။

ဒါဟာ အနာဂတ်ပါလက်စတိုင်းနိုင်ငံအတွက် နယ်မြေတဆက်တည်း ရှိမှုကို ထိခိုက်စေမှာ ဖြစ်ပါတယ်။ E1 အစီအစဉ်ကို ၁၉၉၀ ပြည့်နှစ်မှာ  ပထမဆုံးအဆိုပြုခဲ့တာဖြစ်ပြီး အစ္စရေးနိုင်ငံတွင်းနဲ့ ပြည်ပက ဆန့်ကျင်ခဲ့တာကြောင့် ရပ်တန့်ခဲ့တာပါ။ 

ဒီအစီအစဉ်ကို နေတန်ယာဟုက ၂၀၁၂ ခုနှစ်မှာ ပြန်စခဲ့ပြီး  ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီမှာလည်း ထပ်ပြီး အတည်ပြုဖို့ ကြိုးစားခဲ့ပါတယ်။

 Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013