DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး အတူပူးပေါင်းမည်ဟု ကင်မ်အဲရစ် ပြော
DVB
·
September 14, 2025
စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး အတူပူးပေါင်းမည်ဟု ကင်မ်အဲရစ် ပြော
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ယာယီသမ္မတ ဒူဝါလရှီးလနဲ့  တွေ့ဆုံပြီး စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး ပူးပေါင်းဖို့အကြောင်း ပြောဆိုခဲ့တယ်လို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ်အဲရစ်က စက်တင်ဘာ ၁၄ ရက် ဒီနေ့ သူ့ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ပါတယ်။

စစ်အာဏာရှင်စနစ်ကို အဆုံးသတ်ဖို့နဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံ တည်ဆောက်ဖို့  တူညီတဲ့ဆန္ဒပြင်းပြတယ်ဆိုတာ ထပ်မံအတည်ပြုကြောင်းနဲ့ စစ်တပ်ရဲ့ ရက်စပ်တဲ့ လုပ်ရပ်တွေ အဆုံးသတ်ဖို့ အတူပူးပေါင်းဆောင်ရွက်ကြမယ်လို့လည်း ကင်မ်အဲရစ်က ဆိုပါတယ်။

သမ္မတ ဒူဝါလရှီးလနဲ့ တွေ့ဆုံချိန်မှာ အရေးအကြီးဆုံး လူသားချင်းစာနာထောက်ထားမှု၊ ပြည်သူ ယုံကြည်မှုရအောင် အားအင်အသစ်နဲ့ တာဝန်ယူတဲ့ ခေါင်းဆောင်မှုရှိဖို့ အစရှိတာတွေကို ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ခြင်းဟာ ငြိမ်းချမ်းတဲ့ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံ တည်ဆောက်ဖို့အတွက် အရေးပါတဲ့ ပထမခြေလှမ်း ဖြစ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်က လေကြောင်းကနေတိုက်ခိုက်လို့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်က ကျောင်းသားတွေ အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းကိုလည်း ကင်မ်အဲရစ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

စစ်တပ်ရဲ့  ရက်စက်ကြမ်းကြုတ်လှတဲ့ လုပ်ရပ်တွေဟာ အတုအယောင်ရွေးကောက်ပွဲမတိုင်ခင်မှာ ရပ်တန့်ရမှာဖြစ်ပြီး လွတ်လပ်မှုနဲ့တရားမျှတမှုတို့အတွက် အတူပူးပေါင်းရမယ်လို့ ကင်မ်အဲရစ်က သူရဲ့ လူမှုကွန်ရက်ကနေတဆင့် ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013