DVB Logo
Home
မြန်မာသတင်း
တရုတ်စီးပွားရေးသမားများအဆင်ပြေစေရန် ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ဟု စစ်ခေါင်းဆောင်ပြော
DVB
·
September 13, 2025
တရုတ်စီးပွားရေးသမားများအဆင်ပြေစေရန် ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံခွင့်ပေးမည်ဟု စစ်ခေါင်းဆောင်ပြော
Donate to DVB

တရုတ်နိုင်ငံက  စီးပွားရေးလုပ်ငန်းရှင်တွေအဆင်ပြေစေဖို့  ယွမ်ငွေနဲ့ ရင်းနှီးမြှုပ်နှံခွင့်ပေးဖို့နဲ့ အမေရိကန်ဒေါ်လာအစား တရုတ်ယွမ်ငွေနဲ့ မြန်မာကျပ်ငွေကို တိုက်ရိုက်ပေးချေမှုစနစ် အမြန်ဆုံးဆောင်ရွက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝန်ကြီးဌာနတွေကို ပြောပါတယ်။

စက်တင်ဘာ ၁၂ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကော်မရှင်နဲ့ စစ်ကောင်စီအစိုးရ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ စစ်ကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ရာ သူတို့အနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံလိုပေမဲ့ ငွေပေးချေမှု အခက်အခဲရှိလို့ အမေရိကန် ဒေါ်လာအစား ယွမ်နဲ့ ကျပ် တိုက်ရိုက်ပေးချေမှုနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ယွမ်ငွေနဲ့ လည်ပတ်ခွင့်ပေးရန် တောင်းဆိုတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံတဲ့ တရုတ်စီးပွားလုပ်ငန်းတွေရှိသလို၊ ကုန်သွယ်မှု ပမာဏကလည်း များပြားကြောင်း၊ ဝန်ကြီးဌာနတွေ အနေနဲ့တရုတ်က ရင်းနှီးမြှုပ်နှံမှုတွေကို  ယွမ်နဲ့သာ ပြုလုပ်ပေးမယ်ဆိုပါက တရုတ်လုပ်ငန်းရှင်တွေရဲ့ အခက်အအခဲဖြစ်တဲ့ ဒေါ်လာအစား ယွမ်နဲ့ကျပ် တိုက်ရိုက်ပေးချေမှုကို ကူညီပေးရာရောက်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ယွမ်နဲ့ ကျပ် ငွေပေးချေမှုစနစ်က တရုတ်-မြန်မာကုန်သွယ်ရေးအတွက် ကောင်းမွန်ပေမဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေကို ယွမ်နဲ့သာခွင့်ပြုပါက ကျားဖြန့်က ဝင်လာမယ့် ငွေမည်း ယွမ်တွေအတွက် စိုးရိမ်ရတယ်လို့ စီးပွားရေးလုပ်ငန်းရှင် တယောက်က ထောက်ပြပါတယ်။

"တရုတ်က နိုင်ငံရေးရော စီးပွားရော ဒစ်ဂျစ်တယ်ငွေကြေးစနစ်ကိုပါ ထိန်းချုပ်ချင်တဲ့ပုံစံ အာဏာမသိမ်းခင်က ၁ ယွမ်ကို မြန်မာငွေ ၂၂၀ ပဲ ရှိတယ် အခု ၁ ယွမ်ကို  ၅၀၀ ကျော်တယ် ကုန် သွယ်မှုကို ယွမ်နဲ့ကျပ်ပေးချေတာ ပြဿနာမရှိပေမဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုကို ယွမ်နဲ့သာ ခွင့်ပြုလိုက်ရင် ကျားဖြန့်က ဝင်လာမယ့် ယွမ်ငွေမည်း တွေက နည်းမှာမဟုတ်ဘူး။

အရင်အစိုးရလက်ထက်တွေမှာလည်း မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံသူတွေကို အခက် အခဲမရှိစေရေးအတွက်  ဆောင်ရွက်ပေးရတာရှိပြီး တရုတ်နိုင်ငံက စီးပွားလုပ်ငန်းရှင်တွေကိုသာ ယွမ်နဲ့ ရင်းနှီးမြှုပ်နှံခွင့်ပြုပါက မြန်မာနိုင်ငံကို တရုတ်လုပ်ငန်းရှင်အများအပြား ဝင်ရောက်လာမှာဖြစ်ပြီး  နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူပြုဖြစ်စေမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013