DVB Logo
Home
မြန်မာသတင်း
မြန်မာ့လူ့အခွင့်ရေးဆိုင်ရာ ကုလအစီရင်ခံစာများကို NUG ကြိုဆို 
DVB
·
September 12, 2025
မြန်မာ့လူ့အခွင့်ရေးဆိုင်ရာ ကုလအစီရင်ခံစာများကို NUG ကြိုဆို 
Donate to DVB

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်ကာတာ့ခ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM) အကြီးအကဲ နီကိုလက်စ်ခွန်ဂျန်တို့ရဲ့ အစီရင်ခံစာတွေနဲ့ ဆွေးနွေးပွဲတွေကို ကြိုဆိုထောက်ခံကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန (MOHR) က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

အစီရင်ခံစာတွေမှာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဖြစ်တဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ အရပ်သားတွေကို ပြန်ပေးဆွဲပြီး အတင်းအကျပ် စစ်မှုထမ်းခိုင်းတာ၊ ဖမ်းဆီးထားသူတွေကို စနစ်တကျ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ ကျောင်းတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာ စတာတွေကို ဖော်ပြထားပါတယ်။

NUG အနေနဲ့ OHCHR နဲ့ IIMM တို့ ထုတ်ပြန်တဲ့ နိုင်ငံတကာကို တောင်းဆိုတဲ့ အချက်တွေဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတခုလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု တရားရုံး (ICC) ကို လွှဲပြောင်းရန် လုံခြုံရေးကောင်စီကို ဖိအားပေးတာ၊ စစ်အုပ်စုကို လက်နက်၊ လေယာဉ်ဆီနဲ့ စစ်ဖက်သုံးပစ္စည်းတွေ စီးဆင်းမှုကို အလျင်အမြန် ရပ်တန့်ရန် ထောက်ပံ့နေတဲ့ နိုင်ငံတွေကို ဖိအားပေးတာ၊ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲအစီအစဉ်ကို တားဆီးတာ စတဲ့ အချက်တွေကို ထောက်ခံ အားပေးပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

IIMM က မြန်မာစစ်အုပ်စု လေတပ်ရဲ့ အမိန့်ပေးမှု အဆင့်ဆင့် သက်သေတွေကို စုဆောင်းနေတဲ့အပေါ်ကိုလည်း ကျေးဇူးတင်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

လူ့အခွင့်အရေးမဟာမင်းကြီးရုံး OHCHR နဲ့ IIMM တို့ရဲ့ လက်တွေ့အကျိုးရှိတဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေ၊ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ဖော်ထုတ်ဖို့၊ အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်နေမှုတွေကို တားဆီးဖို့နဲ့ နိုင်ငံတကာကိုလည်း မြန်မာပြည်သူလူထု ကြုံတွေ့နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကနေ လွတ်မြောက်ရေး ကူညီဆောင်ရွက်နိုင်ဖို့ တိုက်တွန်းနှိုးဆော်မှုတွေအတွက်လည်း ထပ်လောင်း ကျေးဇူးတင်ရှိတယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013