DVB Logo
Home
နိုင်ငံတကာ
ရန်ပုံငွေ ဖြတ်တောက်ခံရမှုကြောင့် မာလာဝီဒုက္ခသည်စခန်း၌ အခက်တွေ့
DVB
·
September 12, 2025
ရန်ပုံငွေ ဖြတ်တောက်ခံရမှုကြောင့် မာလာဝီဒုက္ခသည်စခန်း၌ အခက်တွေ့
Donate to DVB

မာလာဝီနိုင်ငံထဲမှာ မူလက လူအယောက် ၁၀,၀၀၀ တည်းခိုဖို့ဆောက်လုပ်ထားတဲ့ ဇလေကာ ဒုက္ခသည်စခန်းမှာ အခု လူ ၅၇,၀၀၀ လောက်အထိ ခိုလှုံနေရပြီး ရန်ပုံငွေ ဖြတ်တောက်ခံရမှုကြောင့် ဒုက္ခသည်တွေ အခက်တွေ့နေကြပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ၂၀၂၅ ခုနှစ်အတွက် လိုတဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၃ သန်းရဲ့ ၁၈ ရာခိုင်နှုန်းနဲ့သာ လည်ပတ်နေလို့ စခန်းက အရေးကြီးတဲ့ ဝန်ဆောင်မှုတွေ သိသိသာသာ လျော့ကျသွားပါတယ်။

အစားအသောက် အချိုးအစား ထက်ဝက်လောက်၊ ဆေးဘက်ဆိုင်ရာ ထောက်ပံ့မှုတွေ လျော့နည်းလာပြီး ပညာရေးနဲ့ ကာကွယ်ရေး အစီအစဉ်တွေကို ရပ်ဆိုင်းလိုက်ရပါတယ်။

၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ် နှစ်ရပ်စလုံးမှာ လိုအပ်တဲ့ ဘတ်ဂျက်ရဲ့  ၂၉ ရာခိုင်နှုန်းသာ သမိုင်းကြောင်းအရ ရန်ပုံငွေနဲ့ လည်ပတ်နေရတယ်လို့ UNHCR တွဲဖက် ပြင်ပဆက်ဆံရေးအရာရှိ မာရီယံ ကာဒမ်ဘာက ပြောပါတယ်။

ရန်ပုံငွေကွာဟချက်ရဲ့ ပြင်းထန်မှုကို သူက မီးမောင်းထိုးပြခဲ့ပြီး အဓိကအားဖြင့် အမေရိကန်အစိုးရရဲ့ ပံ့ပိုးကူညီမှုတွေ လျော့ကျလို့ အမေရိကန်ဒေါ်လာ ၂၆  သန်းထဲက ဒေါ်လာ ၄  သန်းအထက် နည်းနည်းသာ ရထားတယ်လို့ ဆိုပါတယ်။

UNHCR က အသက်ကယ်အကူအညီနဲ့ အရေးပေါ်အခြေအနေတွေဆီ အာရုံပြောင်းသွားလို့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေဟာ အကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်မှု၊ အခြေခံလိုအပ်ချက်တွေကို မဖြည့်ဆည်းနိုင်မှု စတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013