DVB Logo
Home
မြန်မာသတင်း
အလုပ်သမားစေလွှတ်စာရင်း အချိန်မီမပေးသည့် အေဂျင်စီများ ဒဏ်ကြေးဆောင်ရမည်
DVB
·
September 11, 2025
အလုပ်သမားစေလွှတ်စာရင်း အချိန်မီမပေးသည့် အေဂျင်စီများ ဒဏ်ကြေးဆောင်ရမည်
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လအတွက် ပြည်ပကို အလုပ်သမား စေလွှတ်တဲ့ လချုပ်စာရင်း အချိန်မီ ပေးပို့နိုင်ခြင်းမရှိတဲ့ အေဂျင်စီ ၁၁၈ ခုကို အချိန်မီ စာရင်းပေးပို့ဖို့ စစ်တပ်ဩဇာခံ အလုပ်သမားဝန်ကြီးဌာန၊ Safe Migration က စက်တင်ဘာလအတွင်း ထုတ်ပြန်ပါတယ်။

ပြည်ပ အလုပ်သမားစေလွှတ်ရာမှာ အေဂျင်စီတွေအနေနဲ့ အလုပ်သမားဝန်ကြီးဌာနကို လစဉ် လုပ်သားစာရင်း တင်ပြရတာဖြစ်ပြီး အချိန်မီ မပေးနိုင်ရင် ဒဏ်ကြေးပေးဆောင်ရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ပြည်ပ အလုပ်အကိုင် အေဂျင်စီတခုရဲ့ တာဝန်ရှိသူတယောက်က “လောလောဆယ် အဲလိုမျိုးတွေ မလုပ်နိုင်ဘူး။ တာဝန်ယူမှု မရှိဘူးဆိုရင် အေဂျင်စီတွေကို လုပ်ရမယ့် လုပ်ငန်းစဉ် Process တွေ ရပ်ထားတယ်။ အဲဒီတော့ ကိုယ့်တာဝန် ကိုယ့်ကျေပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ပြည်ပကို လုပ်သားစေလွှတ်ခဲ့တဲ့ အေဂျင်စီတွေအနေနဲ့ အလုပ်သမားတွေ မိသားစုထံ လွှဲပို့ငွေ ၂၅ ရာခိုင်နှုန်း လွှဲပို့တာ ရှိ၊ မရှိ အထောက်အထားတွေကို နေပြည်တော်ရုံးချုပ်မှာ ဩဂုတ် ၂၅ ရက်ကစပြီး အောက်တိုဘာလအထိ နေ့စဉ် စစ်ဆေးနေပါတယ်။

အလုပ်သမားတွေရဲ့ လစဉ် မိသားစုထံ လွှဲပို့ငွေ အထောက်အထား တင်ပြဖို့ ပျက်ကွက်တဲ့ အေဂျင်စီတွေကို ဒဏ်ကြေးပေးဆောင်ခိုင်းတာ၊ Demand Letter အသစ် တင်ပြခွင့် ဆိုင်းငံ့တာတို့နဲ့ အရေးယူနေကြောင်းလည်း စစ်တပ်ဩဇာခံ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

အေဂျင်စီတွေအနေနဲ့ ပြည်ပကို အလုပ်သမား စေလွှတ်တဲ့အခါ အလုပ်သမားတယောက်ချင်းစီရဲ့ နာမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ နိုင်ငံကူးလက်မှတ်၊ ပြည်တွင်းလိပ်စာ၊ ပြည်ပထွက်မယ့် ရက်စွဲ၊ ပြည်ပနေရပ်လိပ်စာနဲ့ အလုပ်အကိုင် စတဲ့အချက်တွေကို စာရင်းပြုစုပြီး အလုပ်သမား ဝန်ကြီးဌာနကို တင်ပြရတာ ဖြစ်ပါတယ်။

အလုပ်သမားဝန်ကြီးဌာန အနေနဲ့ လုပ်သားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ကြည့်ရှု စစ်ဆေးပြီးမှ စေလွှတ်သင့်၊ မသင့် ဆုံးဖြတ်တာ ဖြစ်ပါတယ်။

စစ်မှုထမ်းဖို့ အကျုံးဝင်တဲ့ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကိုတော့ ပြည်ပစေလွှတ်ခွင့် လုံးဝ ကန့်သတ်ထားပါတယ်။

ပြည်ပအလုပ်အကိုင်အေဂျင်စီ တာဝန်ရှိသူက “အမျိုးသမီးတွေတော့ ကန့်သတ်ထားတာ မရှိသေးဘူး။ တင်ထားတဲ့ Demand အတိုင်း၊ နိုင်ငံတော်ရဲ့ မူဝါဒ SOP အတိုင်း မပြောင်းလဲဘဲ စေလွှတ်ပေးနေပါတယ်။ လက်ရှိ ဝန်ကြီးကတော့ နှစ်ဖက်လုံး ကြည့်ပြီး ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။

ပြည်ပအလုပ်အေဂျင်စီတွေအနေနဲ့ အေဂျင်စီ တခုချင်းအလိုက် တလကို ထိုင်းနိုင်ငံအတွက် အယောက် ၅၀၊ မလေးရှားကို အယောက် ၂၀၊ ဂျပန် ၁၅ ယောက်၊ စင်ကာပူအတွက် ၅ ယောက် အလုပ်ခေါ်စာတင်ဖို့ ကန့်သတ်ထားပြီး တခြားနိုင်ငံတွေအတွက်လည်း ၁၀ ယောက်ထက်ပိုပြီး အလုပ်ခေါ်စာ မတင်ဖို့ ကန့်သတ်ထားပါတယ်။

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013