DVB Logo
Home
မြန်မာသတင်း
မြန်မာလုပ်သားများ CI စာအုပ်နှင့် OWIC ကတ်ဖိုး ဘတ် ၂၇၀၀ ခန့် ကုန်မည်
DVB
·
September 11, 2025
မြန်မာလုပ်သားများ CI စာအုပ်နှင့် OWIC ကတ်ဖိုး ဘတ် ၂၇၀၀ ခန့် ကုန်မည်
1 / 3
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် ဘယ်သူဘယ်ဝါ ဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity – CI စာအုပ်) ထုတ်ပေးနိုင်ရေး အတွက် CI စခန်း ၄ ခုကို စမွတ်စခွန်၊ စမွတ်ပရာပကန်၊ ချင်းမိုင်နဲ့ ဆူရတ်ဌာနီ ခရိုင်တို့မှာ ဩဂုတ် ၆ ရက်ကစလို့ စတင် လုပ်ဆောင်ပေးနေပါတယ်။

CI လျှောက်ထားလိုတဲ့ အလုပ်သမားတွေအနေနဲ့ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ CI စာအုပ်နဲ့ OWIC ကတ်ဖိုးအပါ ကုန်ကျစရိတ်အနေနဲ့ ဘတ် ၂,၆၇၀ ကို ပေးသွင်းရမှာ ဖြစ်ပါတယ်။

ငွေပေးသွင်းပြီးနောက် လျှောက်ထားလိုတဲ့ CI စခန်းနဲ့ နေ့ရက်ကို ရွေးချယ်ကာ ငွေသွင်းပြေစာနဲ့အတူ မိမိ ရွေးချယ်ထားတဲ့ CI စခန်းမှာ သွားရောက်လုပ်နိုင်တယ်လို့ ဆိုပါတယ်။

CI စာအုပ်ကို ပွဲစားတွေကတဆင့် လုပ်ကိုင်တဲ့အခါ 7-Eleven မှာ ငွေသွင်းခ၊ သံရုံး အခွန်ခ၊ OWIC ကတ်ကြေး၊ Que နေရာကြေး၊ ဗီဇာကြေးနဲ့ CI စာအုပ် အပြီးထွက်တဲ့အထိ ဘတ်ငွေ ၅,၅၀၀ ကနေ ၆,၀၀၀၊ ၇,၀၀၀ လောက်အထိ ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

CI လျှောက်ထားရာမှာ ကုန်ကျစရိတ်က ဘတ် ၂,၆၇၀ သာ ကုန်ကျမှာဖြစ်ပြီး မလိုလားအပ်တဲ့ ကုန်ကျစရိတ်တွေ မရှိအောင် သတိပြုကြဖို့ စစ်တပ် လက်အောက်ခံ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနက ဒီကနေ့ စက်တင်ဘာ ၁၁ ရက်မှာ အသိပေး ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013