DVB Logo
Home
နိုင်ငံတကာ
မက္ကဆီကိုရေတပ်က ကိုကင်း ၁,၆၀၀ ကီလိုဂရမ် သိမ်းဆည်းမိ
DVB
·
September 11, 2025
မက္ကဆီကိုရေတပ်က ကိုကင်း ၁,၆၀၀ ကီလိုဂရမ် သိမ်းဆည်းမိ
Donate to DVB

မက္ကဆီကိုရေတပ်ဟာ ဂွါရဲရိုး ကမ်းလွန်ပင်လယ်ပြင်မှာ ကိုကင်း ၁,၆၀၀ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့ကြောင်း မက္ကဆီကိုအစိုးရရဲ့ စက်တင်ဘာ ၁၀ ရက် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မက္ကဆီကို ပင်လယ်ရေကြောင်းဇုန်တွေမှာ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းဖို့ ရည်ရွယ်တဲ့ ထောက်လှမ်းရေး စစ်ဆင်ရေးတွေအတွင်း ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ရေတပ်နဲ့ ဝေဟင်မှ ကင်းလှည့်သူတွေဟာ အကာပူလ်ကိုမြို့ အနောက်တောင်ဘက် ပင်လယ်ပြင်မှာ ရေယာဉ်တစင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ကြားဖြတ် ဖမ်းဆီးခဲ့ရာမှာ အကြမ်းဖျင်းအားဖြင့် ကိုကင်း ၁,၆၀၀ ကီလိုဂရမ်ပါရှိတဲ့ အထုပ်ကြီး ၅၄ ထုပ်ကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။

ဒီဖမ်းဆီးရမိမှုဟာ မူးယစ်ဆေးဝါးသုံးစွဲမှု ပမာဏ သန်း ၃,၂၀၀ ဝန်းကျင်ကို တားဆီးနိုင်ခဲ့ပြီးတော့ ရာဇ၀တ်မှုဆိုင်ရာ အဖွဲ့အစည်းတွေဆီ ပီဆို ၃၇၁,၈၀၀ (ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၁၉ ဒသမ ၉၁ ဘီလီယံ) စီးပွားရေးကို ထိုးနှက်နိုင်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013